ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကိုငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေး (AML/CFT) ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကျင်းပ

ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်ရုံးဝန်ထမ်းများ၏ လုပ်ငန်းစွမ်းဆောင်ရည်တိုးတက်မြင့်မားလာစေရန်အတွက် အသိပညာပေးဆွေးနွေးပွဲအခမ်းအနားကို ၈-၁၁-၂၀၂၃ ရက်နေ့ နံနက် ၁၀:၃၀ အချိန်တွင် ကော်မရှင်ရုံး အစည်းအဝေးခန်းမ၌ကျင်းပခဲ့ပါသည်။

အဆိုပါ အသိပညာပေးအခမ်းအနားတွင် ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်ရုံး၊ ဈေးကွက်စုံစမ်းထောက်လှမ်းခြင်းဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးစောမြအေးက “ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုငွေကြေးထောက်ပံ့မှုဆိုင်ရာ ကြီးကြပ်စစ်ဆေးခြင်း” ခေါင်းစဉ်ဖြင့် AML/CFT ဆိုင်ရာ ဆုံးရှုံးနိုင်ခြေအကဲဖြတ်မှု (Risk Assessment) များ သတင်းပို့အဖွဲ့အစည်းများထံမှ သတင်းအချက်အလက်များတောင်းခံစိစစ်သည့် ရုံးထိုင်စစ်ဆေးခြင်း (Off-Site) နှင့် အဆိုပါစစ်ဆေးချက်များအရ Rating သတ်မှတ်၍ ဦးစားပေးစိစစ်ရန်လိုအပ်သည့် သတင်းပို့အဖွဲ့အစည်းစာရင်းကို ပြုစုပြီးကွင်းဆင်းစစ်ဆေးခြင်း (On-Site) လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

အခမ်းအနားသို့ ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်ရုံး ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးများနှင့် အရာထမ်း၊အမှုထမ်းများတက်ရောက်ခဲ့ကြပါသည်။

နောက်ဆုံးရသတင်းများ