ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်၏ ၈/၂၀၂၃ ကြိမ်မြောက် ကော်မရှင်အစည်းအဝေးကျင်းပ

ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်၏ ၈/၂၀၂၃ ကြိမ်မြောက် ကော်မရှင်အစည်းအဝေးကို ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၁၉ ရက်နေ့ နံနက် ၁၀ နာရီတွင် ကော်မရှင်ရုံး အစည်းအဝေးခန်းမ၌ Virtual စနစ်ဖြင့် ကျင်းပခဲ့ပါသည်။

အစည်းအဝေးတွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးမောင်မောင်ဝင်းက ကော်မရှင်အနေဖြင့် ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းများနှင့်စပ်လျဉ်း၍ သတ်မှတ်ထားသည့် ဥပဒေ၊ နည်းဥပဒေများနှင့်အညီဆောင်ရွက်သွားကြရန်၊ စာရင်းဝင်ကုမ္ပဏီများ၏ လိုအပ်ချက်များနှင့် စာရင်းဝင်ကုမ္ပဏီများခိုင်မာသည်ထက် ခိုင်မာလာစေရန် ကော်မရှင်က လိုအပ်သည်များကို ကူညီပံ့ပိုးဆောင်ရွက်ပေးရန်လိုကြောင်း၊ စာရင်းဝင်အကြိုဈေးကွက် Pre Listing Board (PLB) ကို တည်ထောင်ပြီး မျက်ခြည်မပြတ်ရန်နှင့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ဆောင်သွားရန်လိုကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်၍ ကော်မရှင်အတွင်းရေးမှူးက ၇/၂၀၂၃ ကြိမ်မြောက် ကော်မရှင်အစည်းအဝေး၏ ဆောင်ရွက်ပြီးစီးမှုအခြေအနေများကိုတင်ပြခဲ့ပြီး အရင်းအနှီးဈေးကွက်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆက်လက်ဆောင်ရွက်မည့်ကိစ္စရပ်များကို ဆွေးနွေးဆုံဖြတ်ခဲ့ကြပါသည်။

အစည်းအဝေးသို့ ကော်မရှင်အဖွဲ့ဝင်များ၊ ကော်မရှင်အတွင်းရေးမှူးနှင့် ကော်မရှင်ရုံးမှတာဝန်ရှိသူများ တက်ရောက်ခဲ့ကြကာ အစည်းအဝေးကို နံနက် ၁၁:၄၅ တွင် ရုပ်သိမ်းခဲ့ပါသည်။

 

 

 

နောက်ဆုံးရသတင်းများ