(၂၂) ကြိမ်မြောက် လစဉ် တွေ့ဆုံဆွေးနွေးသည့်အစည်းအဝေး

၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၂၉ ရက်နေ့တွင် မြန်မာနိုင်ငံငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေး ကော်မရှင်မှ ဦးဆောင်ကျင်းပပြုလုပ်သည့် “() ကြိမ်မြောက် လစဉ်တွေ့ဆုံဆွေးနွေးသည့် အစည်း အဝေး ကို ကော်မရှင်ရုံး အစည်းအဝေးခန်းမ၌  ကျင်းပပြုလုပ်ခဲ့ရာ ငွေချေးသက်သေခံလက်မှတ် လုပ်ငန်းကြီးကြပ်ရေးကော်မရှင်ရုံးမှ  ညွှန်ကြားရေးမှူးချုပ် ဦးကြည်ဇင်ထွန်းက အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ အဆိုပါဆွေးနွေးပွဲသို့   မြန်မာနိုင်ငံ ငွေချေးသက်သေခံလက်မှတ်လုပ်ငန်း ကြီးကြပ်ရေးကော်မရှင်ရုံး၊ ရန်ကုန်စတော့အိပ်ချိန်းနှင့် ငွေချေးသက်သေခံလက်မှတ်ကုမ္ပဏီများမှ တာဝန်ရှိသူများ စုစုပေါင်း  (၃၆)  ဦး တက်ရောက်ခဲ့ကြပါသည်။

နောက်ဆုံးရသတင်းများ