ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်၏ ၉/၂၀၂၃ ကြိမ်မြောက် ကော်မရှင်အစည်းအဝေးကျင်းပ

ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်၏ ၉/၂၀၂၃ ကြိမ်မြောက် ကော်မရှင်အစည်းအဝေးကို ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၀ ရက်နေ့ မွန်းလွဲ ၃:၀၀ နာရီတွင် ကော်မရှင်ရုံး အစည်းအဝေးခန်းမ၌ Virtual စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။

အစည်းအဝေးတွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးမောင်မောင်ဝင်းက အရင်းအနှီးဈေးကွက်ကဏ္ဍပုံမှန်လည်ပတ်စေရန်နှင့် အရင်းအနှီးဈေးကွက်ကို မျက်ခြေမပျက်စေရန် တိုးတက်ရာတိုးတက်ကြောင်းနည်းလမ်းများကို ရှာဖွေဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်ကဦးဆောင်ပြီး ရန်ကုန်စတော့အိပ်ချိန်း၊ ငွေချေးသက်သေခံလက်မှတ်ကုမ္ပဏီနှင့် စာရင်းဝင်ကုမ္ပဏီများအားလုံး ဝိုင်းဝန်းကြိုးစားဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ရန်ကုန်စတော့အိပ်ချိန်းရှိ စာရင်းဝင်ကုမ္ပဏီများ၏ ရှယ်ယာအရောင်းအဝယ်ဖွံ့ဖြိုးတိုးတက်မှုသည် စာရင်းဝင်ကုမ္ပဏီများ၏လုပ်ဆောင်မှု (Performance) အပေါ်မူတည်နေကြောင်း၊ ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်မှဦးဆောင်ပြီး လိုအပ်သောကိစ္စရပ်များကို ဆောင်ရွက်ပေးရန်လိုကြောင်း၊ အရင်းအနှီးဈေးကွက်ကဏ္ဍအနေဖြင့် နိုင်ငံတော်ဦးတည်သွားနေသော စီးပွားရေးဖွံ့ဖြိုးမှုရည်မှန်းချက်ကို အထောက်အကူဖြစ်အောင် ဆက်လက်ကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်းပါကြောင်း ပြောကြားခဲ့ကာ အစည်းအဝေးကို ညနေ ၅:၄၅ အချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။

နောက်ဆုံးရသတင်းများ