လုပ်ငန်းစွမ်းဆောင်ရည်တိုးမြင့်လာစေရန် အသိအမြင်ဖွင့်ဆွေးနွေးပွဲကျင်းပပြုလုပ်

ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်ရုံးဝန်ထမ်းများ၏ လုပ်ငန်းစွမ်းဆောင်ရည်တိုးမြင့်လာစေရန်အတွက် Knowledge Sharing အစီအစဉ်ကို ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၂၁ ရက်နေ့ နံနက် ၁၀:၃၀ တွင် ကော်မရှင်ရုံး အစည်းအဝေးခန်းမ၌ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါ Knowledge Sharing အစီအစဉ်တွင် ဈေးကွက်ကြီးကြပ်ကွပ်ကဲခြင်းနှင့် စောင့်ကြည့်လေ့လာခြင်းဌာနမှ ညွှန်ကြားရေးမှူး ဒေါ်ကြည်ကြည်ခင်ဆွေက “White Paper of Institute Advisory Penal” ခေါင်းစဉ်ဖြင့် ရှင်းလင်းဆွေးနွေးပြောကြားခဲ့ပြီး ကော်မရှင်အဖွဲ့ဝင်များ၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် ကော်မရှင်ရုံးမှ အရာထမ်းအမှုထမ်းများတက်ရောက်ခဲ့ကြကာ အစီအစဉ်ကိုမွန်းလွဲ ၁၂:၀၀ နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။

နောက်ဆုံးရသတင်းများ