ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်ရုံး တည်ထောင်ဖွင့်လှစ်ခြင်း (၈) နှစ်ပြည့် နှစ်ပတ်လည်နေ့အခမ်းအနားကျင်းပ

ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်ရုံးတည်ထောင်ဖွင့်လှစ်ခြင်း ၈ နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနားကို ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၄ ရက်နေ့၊ နံနက် ၁၁:၀၀ နာရီတွင် ကော်မရှင်ရုံးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အခမ်းအနားတွင် ၂၀၂၂ ခုနှစ်အတွင်း အကောင်းဆုံးဝန်ထမ်းဆုရရှိသူ ၁ ဦး၊ ခွင့်ခံစားခြင်းမရှိဘဲ လုပ်ငန်းတာဝန်များကို ကျေပွန်စွာထမ်းဆောင်ခဲ့သည့် ဝန်ထမ်း ၁ ဦး၊ ကော်မရှင်ရုံး ၈ နှစ်ပြည့် နှစ်ပတ်လည်နေ့အထိမ်းအမှတ်အတွက် အမျိုးသားသွေးဌာနသို့ သွေးလှူဒါန်းခဲ့ကြသည့် ဝန်ထမ်း ၁၄ ဦး တို့အား ဂုဏ်ပြုမှတ်တမ်းလွှာ၊ ဂုဏ်ပြုဆုတံဆိပ်၊ ဂုဏ်ပြုဆုငွေများပေးအပ်ခဲ့ပြီး အငယ်တန်းစာရေးများ၊ ယာဉ်မောင်းများနှင့် သန့်ရှင်းရေးဝန်ထမ်းတို့အား လက်ဆောင်ပစ္စည်းများပေးအပ်ခဲ့ပါသည်။

အဆိုပါ အခမ်းအနားသို့ ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်အဖွဲ့ဝင်များ၊ အငြိမ်းစားယူသွားသည့် ကော်မရှင်အဖွဲ့ဝင်များ၊ ညွှန်ကြားရေးမှူး ချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် နှင့် အရာထမ်း၊ အမှုထမ်းများတက်ရောက်ခဲ့ကြပါသည်။

နောက်ဆုံးရသတင်းများ