(၄/၂၀၂၃)ကြိမ်မြောက်ကော်မရှင်အစည်းအဝေးကျင်းပ

 

ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်၏ (၄/၂၀၂၃) ကြိမ်မြောက်အစည်းအဝေးကို ၂၀၂၃ ခုနှစ်၊ ဧပြီလ ၂၅ ရက်နေ့ နံနက် (၁၀:၀၀) တွင် Virtual စနစ်ဖြင့်ကျင်းပခဲ့ပါသည်။

အစည်းအဝေးတွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင် ဥက္ကဋ္ဌ ဦးမောင်မောင်ဝင်း က အရင်းအနှီးဈေးကွက်ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရာတွင် Public sector investment နှင့် Private Sector investment တို့ကို ဖွံ့ဖြိုးတိုးတက်ရနအခွင့်အလမ်းများ ဖန်တီးပေးရန်လိုကြောင်း၊ ကော်မရှင်အနေဖြင့် Capital Market အပိုင်း ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပေးရန်တာဝန်ရှိကြောင်း၊ Capital Market Platform တွင် အများပိုင်ကုမ္ပဏီများ၊ SME လုပ်ငန်းများ Awareness ဖြစ်ရန် အရေးကြီးပါကြောင်း၊ နိုင်ငံတကာ Capital Market ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကိုလည်း လက်လှမ်းမီသမျှရှာဖွေစုဆောင်း၍ မိမိတို့နိုင်ငံနှင့် သင့်လျော်ကိုက်ညီမည့် အချက်များကိုဖော်ထုတ်ပြီး ဆက်လက်ဆောင်ရွက်ရန်လိုကြောင်း စသည့်ဖြင့် ရှင်းလင်းမှာကြားခဲ့ပါသည်။

ထို့နောက် အစည်းအဝေးမှ အရင်းအနှီးဈေးကွက်ဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာကိစ္စရပ်များ၊လက်ရှိဆောင်ရွက်နေမှုများ၊  ငွေချေးသက်သေခံလက်မှတ်ဈေးကွက် အခြေအနေများနှင့် ဆက်လက်ဆောင်ရွက်မည့် ကိစ္စရပ်များကို ဆွေးနွေးဆုံးဖြတ်ခဲ့ကြပါသည်။

အစည်းအဝေးသို့ ကော်မရှင်ဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ အဖွဲ့ဝင်များ၊ ကော်မရှင်ရုံး ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် ညွှန်ကြားရေးမှူးများ တက်ရောက်ခဲ့ကြပြီး အစည်းအဝေးကို နံနက်(၁၁:၃၀) တွင် ရုပ်သိမ်းခဲ့ပါသည်။

နောက်ဆုံးရသတင်းများ