ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်ရုံး လစဉ်ဝန်ထမ်းဆန္ဒဖော်ထုတ်ပွဲ (ဒါဘာ) ကျင်းပ

ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်ရုံး၏ လစဉ်ဝန်ထမ်းဆန္ဒဖော်ထုတ်ပွဲ (ဒါဘာ) အခမ်းအနားကို ၂၀၂၄ ခုနှစ်၊ မတ်လ ၂၀ ရက်နေ့ မွန်းလွဲ ၂:၀၀ နာရီတွင် အဆိုပါရုံး အစည်းအဝေးခန်းမ၌ကျင်းပပြုလုပ်ခဲ့ပါသည်။

အခမ်းအနားတွင် ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်ရုံး ညွှန်ကြားရေးမှူးချုပ် ဦးကြည်ဇင်ထွန်းက ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံ၌ လွတ်လပ်ရေးရရှိပြီးနောက် ၁၉၅၉ ခုနှစ်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေကို ပြဌာန်းခဲ့ကြောင်း၊ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီလက်ထက် ၂၀၁၀ ပြည့်နှစ်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေကိုပြဌာန်းခဲ့ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီလက်ထက် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် အာဏာတည်ခဲ့ကြောင်း ရှင်းလင်းပြောကြားခဲ့ပါသည်။

ဆက်လက်၍ ညွှန်ကြားရေးမှူး(စီမံ) က ပြည်သူ့စစ်မှုထမ်းဥပဒေ၏ ရည်ရွယ်ချက်များ၊ စစ်မှုထမ်းရန်အသက်အရွယ်ရောက်သူ၊ ပြည်သူ့စစ်မှုထမ်းရန်ကာလ၊ ပြည်သူ့စစ်မှုထမ်းတို့၏ ခံစားခွင့်များ၊ ကင်းလွတ်ခွင့်များ၊ ပြည်သူ့စစ်မှုထမ်းအဖြစ် တာဝန်ထမ်းဆောင်ပါက အဆိုပါကာလအား တာဝန်ချိန်အဖြစ်သတ်မှတ်ပေးထားပြီး စစ်မှုထမ်းကာလပြီးဆုံးချိန်တွင် မူလထမ်းဆောင်ခဲ့သောအလုပ်တာဝန်များကို ပြန်လည်ထမ်းဆောင်နိုင်မည်ဖြစ်ကြောင်း အသေးစိတ်ရှင်းလင်းပြောကြားခဲ့ကာ အခမ်းအနားကိုမွန်းလွဲ ၃:၀၀ နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။

နောက်ဆုံးရသတင်းများ