ငွေကြေးခဝါချမှုနှင့်အကြမ်းဖက်မှုကိုငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေး ဆိုင်ရာ ဆုံးရှုံးနိုင်ခြေ အကဲဖြတ်ဆန်းစစ်ချက် မေးခွန်းလွှာ နှင့်စပ်လျဉ်းသည့် အစည်းအဝေး (၂၆-၁၂-၂၀၂၃)

၂၀၂၃ခုနှစ်၊ဒီဇင်ဘာလ(၂၆)ရက်နေ့တွင် ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်က ဦးဆောင်၍ ငွေကြေးခဝါချမှုနှင့်အကြမ်းဖက်မှုကိုငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေး(AML/CFT) ဆိုင်ရာ ဆုံးရှုံးနိုင်ခြေ အကဲဖြတ်ဆန်းစစ်ချက် မေးခွန်းလွှာ နှင့်ပတ်သက်၍ ငွေချေးသက်သေခံလက်မှတ်လုပ်ငန်း ကဏ္ဍရှိ သတင်းပို့အဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေးသည့် အခမ်းအနားအား  ကော်မရှင်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပါသည်။

အဆိုပါ အခမ်းအနားတွင် ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်ရုံး၊ဈေးကွက် စုံစမ်းထောက်လှမ်းခြင်းဌာနနှင့် ဈေးကွက်ကြီးကြပ်ကွက်ကဲခြင်းနှင့်စောင့်ကြည့်လေ့လာခြင်းဌာန တို့၏  ညွှန်ကြားရေးမှူး ဒေါ်ကြည်ကြည်ခင်ဆွေက AML/CFTဆိုင်ရာ ဆုံးရှုံးနိုင်ခြေ အကဲဖြတ်ဆန်းစစ်ချက် မေးခွန်းလွှာ နှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

အခမ်းအနားသို့ ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်ရုံး ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူး၊အရာထမ်း နှင့် အမှုထမ်းများ၊ ငွေချေးသက်သေခံလက်မှတ်လုပ်ငန်း ကဏ္ဍရှိ သတင်းပို့ အဖွဲ့အစည်းများ၏ လိုက်နာဆောင်ရွက်ရေးအရာရှိ(Compliance Officer)များ တက်ရောက်ခဲ့ကြ ပါသည်။

နောက်ဆုံးရသတင်းများ