ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်ရုံး၏ လစဉ်ဝန်ထမ်းဆန္ဒဖော်ထုတ်ပွဲ (ဒါဘာ) ကျင်းပ

ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်ရုံး၏ လစဉ်ဝန်ထမ်းဆန္ဒဖော်ထုတ်ပွဲ (ဒါဘာ) အခမ်းအနားကို ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၂၃ ရက်နေ့ မွန်းလွဲ ၃:၀၀ နာရီတွင် ကော်မရှင်ရုံးအစည်းအဝေးခန်းမ၌ကျင်းပခဲ့ပါသည်။

အခမ်းအနားတွင် ကော်မရှင်ရုံး ညွှန်ကြားရေးမှူးချုပ် ဦးကြည်ဇင်ထွန်းက ရာသီအကူးအပြောင်းရောက်ရှိလာပြီဖြစ်သည့်အတွက် ဝန်ထမ်းများအနေဖြင့် မိမိတို့၏ကျန်းမာရေးကို ဂရုစိုက်ကြရန်လိုကြောင်း၊ လုပ်ငန်းခွင်အတွင်း တစ်ဦးနှင့်တစ်ဦးသည်းခံပြီး စည်းစည်းလုံးလုံးချစ်ချစ်ခင်ခင်နေထိုင်သွားကြရန်နှင့် ထိုသို့နေထိုင်သွားမှသာ လုပ်ငန်းခွင်ပျော်ရွှင်နိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့ကာ အခမ်းအနားကိုမွန်းလွဲ ၃:၄၅ အချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။

နောက်ဆုံးရသတင်းများ