ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကိုငွေကြေးထောက်ပံ့မှုဆိုင်ရာ လုပ်ငန်းဆောင်ရွက်မှုများနှင့်စပ်လျဉ်း၍ အားနည်းချက်၊ အားသာချက်များနှင့်ဆက်လက်ဆောင်ရွက်သင့်သည့် အချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေ

ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်ရုံး၏ ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကိုငွေကြေးထောက်ပံ့မှုဆိုင်ရာ လုပ်ငန်းဆောင်ရွက်မှုများနှင့်စပ်လျဉ်း၍ အားနည်းချက်၊ အားသာချက်များနှင့်ဆက်လက်ဆောင်ရွက်သင့်သည့် အချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို ၁၈-၉-၂၀၂၃ ရက်နေ့ မွန်းလွဲ ၂ နာရီတွင် ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်ရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ ကော်မရှင်ရုံးညွှန်ကြားရေးမှူးချုပ် ဦးကြည်ဇင်ထွန်း တက်ရောက်ဆွေးနွေးရှင်းလင်းမှာကြားသည်။

အစည်းအဝေးတွင် ငွေကြေးခဝါချမှုဆိုင်ရာဆုံးရှုံးနိုင်ခြေအန္တရာယ် အကဲဖြတ်ချက်အစီရင်ခံစာအပေါ် ဆောင်ရွက်သည့်အချက်များ၊ ဆက်လက်အကောင်အထည်ဖော်ရေးနှင့်စပ်လျဉ်း၍ ဆွေးနွေးကြသည်။

အစည်းအဝေးသို့ ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်ရုံး ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ၊ ရန်ကုန်စတော့အိပ်ချိန်းနှင့် ငွေချေးသက်သေခံလက်မှတ်ကုမ္ပဏီများမှ တာဝန်ရှိသူများတက်ရောက်ကြောင်း သိရှိရသည်။

နောက်ဆုံးရသတင်းများ