သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး တွေ့ဆုံရှင်းလင်းပွဲကျင်းပ

ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်ရုံး၏ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးဆိုင်ရာ တွေ့ဆုံရှင်းလင်းပွဲကို ၂၀၂၃ ခုနှစ်၊ မေလ ၈ ရက်နေ့ နံနက် ၁၀:၃၀ နာရီတွင် ကော်မရှင်ရုံးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါ တွေ့ဆုံရှင်းလင်းပွဲတွင် ညွှန်ကြားရေးမှူးချုပ် ဦးကြည်ဇင်ထွန်းက လက်ရှိဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းနှင့်ပတ်သက်၍ မြန်မာနိုင်ငံမိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနအနေဖြင့် အချိန်နှင့်တပြေးညီထုတ်ပြန်လျက်ရှိပါကြောင်း၊ မုန်တိုင်းလမ်းကြောင်းကြိုတင်မသိရှိရသေးသော်လည်း မိမိတို့အနေဖြင့် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ပြင်ဆင်ထားရန်လိုအပ်ကြောင်း၊ အဓိကမှာလူထိခိုက်မှုမရှိစေရေးဖြစ်ကြောင်း၊ ရုံးသုံးစာရွက်စာတမ်း၊ကွန်ပျူတာနှင့်ဆက်စပ်ပစ္စည်းများ၊ အခြားပရိဘောဂပစ္စည်းများကို ပျက်စီးဆုံးရှုံးမှုမရှိစေရေးကြိုတင်ပြင်ဆင်ထားရမည်ဖြစ်ကြောင်း၊ ဝန်ထမ်းအိမ်ရာတွင် နေထိုင်လျက်ရှိသော ဝန်ထမ်းများအနေဖြင့်လည်း လူ၊ ပစ္စည်းထိခိုက်မှုမရှိစေရေး လိုအပ်သည်များကြိုတင်ဆောင်ရွက်ထားရန်လိုကြောင်း၊ သောက်သုံးရေမပြတ်လပ်စေရေးနှင့် လိုအပ်နိုင်သည့် ဆေးဝါးများကိုလည်းဆောင်ထားရန်ဖြစ်ကြောင်း၊ အဆောက်အဦ၏ အပေါ်ဆုံးထပ်နေထိုင်သူများ ပိုမိုသတိထားကြရန်လိုကြောင်း ဆွေးနွေးမှာကြားခဲ့ပြီး သဘာဝဘေးအန္တရာယ်ကျရောက်လာပါက စီမံချက်ပါအတိုင်းလိုက်နာဆောင်ရွက်ရမည့်ကိစ္စရပ်များ၊ ဝန်ထမ်းတစ်ဦးချင်းစီက မိမိတို့တာဝန်ကျသည့်ကဏ္ဍအလိုက်စနစ်တကျ ဆောင်ရွက်ရွက်နိုင်ရေးကိစ္စရပ်များကို ဆွေးနွေးပြောကြားခဲ့ပါသည်။

အဆိုပါ တွေ့ဆုံရှင်းလင်းဆွေးနွေးပွဲကို ကော်မရှင်ရုံးမှအရာထမ်း၊အမှုထမ်းများတက်ရောက်ခဲ့ကြပြီး ဆွေးနွေးပွဲကို နေ့လယ် ၁၂:၀၀ တွင် ရုပ်သိမ်းခဲ့ပါသည်။

နောက်ဆုံးရသတင်းများ