ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်၏ ၂/၂၀၂၄ ကြိမ်မြောက် ကော်မရှင်အစည်းအဝေးကျင်းပ

ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်၏ ၂/၂၀၂၄ ကြိမ်မြောက် ကော်မရှင်အစည်းအဝေးကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၃ ရက်နေ့ မွန်းလွဲ ၂:၀၀ နာရီတွင် Virtual စနစ်ဖြင့် ကျင်းပခဲ့ရာ အစည်းအဝေးသို့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးမောင်မောင်ဝင်းက တက်ရောက်အမှာစကားပြောကြားခဲ့ပါသည်။

အစည်းအဝေးတွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်ဥက္ကဋ္ဌ ရန်ကုန်စတော့အိပ်ချိန်း၊ ငွေချေးသက်သေခံလက်မှတ်ကုမ္ပဏီ၊ စာရင်းဝင်ကုမ္ပဏီ၊ အများပိုင်ကုမ္ပဏီများကို ဥပဒေတွင်ပါသည့် ပြဌာန်းချက်များ၊ လုပ်ထုံးလုပ်နည်းများ၊ ထုတ်ပြန်ထားသည့် အမိန့်ကြော်ငြာစာများနှင့်အညီ လိုက်နာဆောင်ရွက်ခြင်းရှိ၊မရှိကို ကော်မရှင်ကစောင့်ကြပ်ကွပ်ကဲသွားရမည်ဖြစ်ကြောင်း၊ ဥပဒေနှင့်မညီသည့်ကိစ္စရပ်များ ဖြစ်ပေါ်လာပါက ထိန်းကြောင်းတားဆီးရမည်ဖြစ်ကြောင်း၊ အလားတူအခက်အခဲများရှိလာပါက ကော်မရှင်အနေဖြင့် ဖြေရှင်းဆောင်ရွက်ပေးရမည်မှာ ကော်မရှင်၏ အဓိကလုပ်ငန်းတာဝန်ဖြစ်ကြောင်း၊ ရန်ကုန်စတော့အိပ်ချိန်းတွင် Main Board အပြင် စာရင်းဝင်အကြိုဈေးကွက် Pre Listing Board-PLB ပါ တည်ထောင်ပြီးဖြစ်သည့်အတွက် စာရင်းဝင်အကြိုဈေးကွက် အကောင်အထည်ဖော်ဆောင်ရွက်မှုကို တွန်းအားပေးဆောင်ရွက်ဖို့လိုကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်၍ ကော်မရှင်အတွင်းရေးမှူးက ၁/၂၀၂၄ ကြိမ်မြောက် ကော်မရှင်အစည်းအဝေး၏ ဆောင်ရွက်ပြီးစီးမှုအခြေအနေများကိုတင်ပြခဲ့ပြီး အရင်းအနှီးဈေးကွက်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆက်လက်ဆောင်ရွက်မည့်ကိစ္စရပ်များကို ဆွေးနွေးဆုံးဖြတ်ခဲ့ကြပါသည်။

အစည်းအဝေးသို့ ကော်မရှင်အဖွဲ့ဝင်များ၊ ကော်မရှင်အတွင်းရေးမှူးနှင့် ကော်မရှင်ရုံးမှတာဝန်ရှိသူများ တက်ရောက်ခဲ့ကြကာ အစည်းအဝေးကို ညနေ ၅:၀၀ နာရီအချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။

နောက်ဆုံးရသတင်းများ