ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်ရုံး၏ လစဉ်ဝန်ထမ်းဆန္ဒဖော်ထုတ်ပွဲ (ဒါဘာ) ကျင်းပ

ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်ရုံး၏ လစဉ်ဝန်ထမ်းဆန္ဒဖော်ထုတ်ပွဲကို ၂၀၂၃ ခုနှစ်၊ မေလ ၃၀ ရက်နေ့ မွန်းလွဲ ၃:၀၀ နာရီတွင် ကော်မရှင်ရုံး အစည်းအဝေးခန်းမ၌ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါ ဝန်ထမ်းဆန္ဒဖော်ထုတ်ပွဲအခမ်းအနားတွင် ကော်မရှင်ရုံး ညွှန်ကြားရေးမှူးချုပ် ဦးကြည်ဇင်ထွန်းက ဝန်ထမ်းများ၏ လိုအပ်ချက်၊အခက်အခဲများကို ဖြေရှင်းပေးရန်အတွက် ယခုကဲ့သို့ လစဉ်တွေ့ဆုံသည့် အခမ်းအနားကိုပြုလုပ်ခြင်းဖြစ်ပါကြောင်း၊ ဝန်ထမ်းများအနေဖြင့် လုပ်ငန်းတာဝန်များဆောင်ရွက်ရာတွင် ဌာနကောင်းကျိုးကိုရှေ့ရှု၍ စည်းစည်းလုံးလုံးညီညီညွတ်ညွတ်ဖြင့် ဆောင်ရွက်ကြစေလိုကြောင်း၊ ကျန်းမာရေးကို အထူးဂရုစိုက်ကြရန်နှင့် မိုးရာသီဖြစ်သဖြင့် ဝန်ထမ်းအိမ်ရာပတ်ဝန်းကျင်တွင် ရေစီးရေလာကောင်းမွန်စေရေးကိုလည်း ဆောင်ရွက်ပေးရန်လိုကြောင်း၊ ကော်မရှင်ရုံး၏ရှေ့လုပ်ငန်းစဉ်များကိုလည်း ချမှတ်ထားသည့် Timeline အတိုင်း အကောင်အထည်ဖော်နိုင်ရန် ဝန်ထမ်းများက စည်းလုံးညီညွတ်စွာဖြင့် ဆောင်ရွက်ပေးစေလိုကြောင်းပြောကြားကာ အခမ်းအနားကို မွန်းလွဲ ၄:၀၀ နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။

နောက်ဆုံးရသတင်းများ