ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်ရုံး ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ဝန်ထမ်းထုတွေ့ဆုံဆွေးနွေးပွဲနှင့် သင်တန်းထူးချွန်ဆုပေးပွဲအခမ်းအနားကျင်းပ

ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်ရုံး ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ဝန်ထမ်းထုတွေ့ဆုံဆွေးနွေးပွဲနှင့် သင်တန်းထူးချွန်ဆုပေးပွဲအခမ်းအနားကို ၂၇-၉-၂၀၂၃ ရက် မွန်းလွဲ ၂ နာရီတွင် ကော်မရှင်အစည်းအဝေးခန်းမ၌ကျင်းပသည်။

အခမ်းအနားတွင် ကော်မရှင်ရုံးညွှန်ကြားရေးမှူးချုပ်မှ အမှာစကားပြောကြားပြီး ဝန်ထမ်းများ၏တင်ပြချက်များအား ရင်းရင်းနှီးနှီးဆွေးနွေးညှိနှိုင်းဆောင်ရွက်ပေးသည်။ ထို့နောက် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) တွင် ဖွင့်လှစ်ပို့ချသည့် အရာထမ်းငယ်သင်တန်းအမှတ်စဉ် (၁၂၅) တွင် သင်တန်းသားဒုတိယဆုနှင့် သေနတ်ပစ်ထူးချွန်ဆုရရှိသည့် ဒုတိယဦးစီးမှူး ဦးသန်းဇော်ထွန်း အား ဂုဏ်ပြုဆုချီးမြှင့်ပြီး အခမ်းအနားကိုရုပ်သိမ်းခဲ့ပါသည်။

နောက်ဆုံးရသတင်းများ