ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်ရုံး လစဉ်ဝန်ထမ်းဆန္ဒဖော်ထုတ်ပွဲ (ဒါဘာ) ကျင်းပ

ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်ရုံး၏ လစဉ်ဝန်ထမ်းဆန္ဒဖော်ထုတ်ပွဲ (ဒါဘာ) အခမ်းအနားကို ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁၉ ရက်နေ့ မွန်းလွဲ ၂:၀၀ နာရီအချိန်တွင် ကော်မရှင်ရုံးအစည်းအဝေးခန်းမ၌ ကျင်းပပပြုလုပ်ခဲ့ပါသည်။

အခမ်းအနားတွင် ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်ရုံး ညွှန်ကြားရေးမှူးချုပ် ဦးကြည်ဇင်ထွန်းက ဝန်ထမ်းများအနေဖြင့် ရုံးလုပ်ငန်းများဆောင်ရွက်ရာတွင် ဌာနကောင်းကျိုးကိုသာ ရှေးရှုဆောင်ရွက်ကြရန်၊ ဝန်ထမ်းအချင်းချင်းစည်းလုံးညီညွတ်စွာဖြင့် ရိုင်းပင်းကူညီကြရန်နှင့် ဌာန၏တိုးတက်ရာ တိုးတက်ကြောင်းအတွက် ကြိုးပမ်းဆောင်ရွက်ကြရန်လိုကြောင်းမှာကြားခဲ့ကာ အခမ်းအနားကိုမွန်းလွဲ ၂:၅၀ အချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။

နောက်ဆုံးရသတင်းများ