၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ဝန်ထမ်းသားသမီးများအား ပညာသင်ထောက်ပံ့ငွေနှင့် စာရေးကိရိယာများပေးအပ်ခြင်းအခမ်အနားကျင်းပ

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်ရုံး၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ဝန်ထမ်းသားသမီးများအား ပညာသင်ထောက်ပံ့ငွေနှင့် စာရေးကိရိယာများထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကို ၂၀၂၃ ခုနှစ်၊ မေလ ၃၁ ရက်နေ့ နံနက် ၁၀:၃၀ တွင် အဆိုပါရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပါသည်။

အခမ်းအနားသို့ ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်ရုံး ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးများ၊ တာဝန်ရှိသူများ၊ ကျောင်းသား၊ကျောင်းသူများနှင့် မိဘများတက်ရောက်ခဲ့ကြပြီး ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ဝန်ထမ်းသားသမီး ကျောင်းသား၊ကျောင်းသူများကို ပညာသင်ထောက်ပံ့ကြေးများ၊ ကျောင်းသုံးစာရေးကိရိယာများ ထောက်ပံ့ပေးအပ်ပြီး အားပေးစကားပြောကြားကာ အခမ်းအနားကို နံနက် ၁၁:၃၀ တွင် ရုပ်သိမ်းခဲ့ပါသည်။

နောက်ဆုံးရသတင်းများ