ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်ရုံး၏လစဉ်ဝန်ထမ်းဆန္ဒဖော်ထုတ်ပွဲ (ဒါဘာ) ကျင်းပ

ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်ရုံး၏ လစဉ် ဝန်ထမ်းဆန္ဒဖော်ထုတ်ပွဲကို ၂၀၂၃ ခုနှစ်၊ ဧပြီလ ၂၄ ရက်နေ့ နံနက် ၁၁:၀၀ နာရီတွင် အဆိုပါရုံး တတိယထပ်အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပါသည်။

အဆိုပါ ဝန်ထမ်းဆန္ဒဖော်ထုတ်ပွဲအခမ်းအနားတွင် ကော်မရှင်ရုံး ညွှန်ကြားရေးမှူးချုပ် ဦးကြည်ဇင်ထွန်းက ယခုရက်ပိုင်းတွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိမှုပြန်လည်မြင့်တက်လာသည့်အတွက် ဝန်ထမ်းများ ဂရုစိုက်ကြရန်နှင့် စည်းကမ်းတကျ နေထိုင်သွားလာကြရန်လိုကြောင်း၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Booster Dose) ထိုးရန်ကျန်ရှိနေသည့် ဝန်ထမ်းများအား ဆေးထိုးနှံနိုင်ရေး သက်ဆိုင်ရာဌာနများနှင့် ချိတ်ဆက်ဆောင်ရွက်ရန်ဖြစ်ကြောင်း၊ ထို့ပြင် ရာသီဥတုမှာလည်း သိသိသာသာပူပြင်းလာသဖြင့် ကျန်းမာရေးကိုဂရုစိုက်ကြရန်လိုပါကြောင်း၊ မိုးရာသီကျရောက်တော့မည်ဖြစ်၍ ကော်မရှင်ရုံး၏ မော်တော်ယာဉ်များကိုလည်း ကြံ့ခိုင်ကောင်းမွန်စေရေး ဂရုတစိုက်စစ်ဆေးဆောင်ရွက်ရန် ဆွေးနွေးမှာကြားခဲ့ကာ အခမ်းအနားကိုနေ့လယ် ၁၂:၀၀ နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။

နောက်ဆုံးရသတင်းများ