အာဆီယံအရင်းအနှီးဈေးကွက်ဖိုရမ် ဒုတိယအကြီးအကဲအစည်းအဝေးတက်ရောက်

အာဆီယံအရင်းအနှီးဈေးကွက်ဖိုရမ် ဒုတိယအကြီးအကဲအစည်းအဝေးကို ၂၅-၉-၂၀၂၃ ရက် (တနင်္လာနေ့) မြန်မာစံတော်ချိန် နံနက် ၇:၃၀ နာရီတွင် Virtual စနစ်ဖြင့် ကျင်းပရာ ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်ရုံးမှ ညွှန်ကြားရေးမှူးချုပ် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့တက်ရောက်ခဲ့ပါသည်။

အဆိုပါ အစည်းအဝေးကို ၂၀၂၃ ခုနှစ်၊ ACMF အလှည့်ကျဥက္ကဋ္ဌ၊ အင်ဒိုနီးရှားနိုင်ငံ ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်မှ အစည်းအဝေးသဘာပတိအဖြစ် ဆောင်ရွက်ပြီး ပူးတွဲသဘာပတိအဖြစ် လာအိုနိုင်ငံငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်က ဆောင်ရွက်ကြပါသည်။

အစည်းအဝေးတွင် အာဆီယံအရင်းအနှီးဈေးကွက် ဖိုရမ်လမ်းပြမြေပုံပါ ရည်မှန်းချက်များဖြစ်သည့် အာဆီယံအစိမ်းရောင်ဘဏ္ဍာရေးအတွက် အသွင်ကူးပြောင်းမှုဆိုင်ရာ ရန်ပုံငွေ
လမ်းညွှန်ချက်၊ ကာဗွန်ဈေးကွက်ဖော်ဆောင်ရေးလေ့လာမှု၊ ASEAN Taxonomy Version ရေးဆွဲမှုအပေါ် ဈေးကွက်ပါဝင်သူများ၏တုံ့ပြန်ချက်နှင့် ထပ်မံဖြည့်စွက်ရေးဆွဲမည့်အခြေအနေ၊ အာဆီယံအရင်းအနှီးဈေးကွက် ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်နှင့်လုပ်ငန်းများ၊ နိုင်ငံတကာ စံချိန်စံညွှန်းနှင့်အညီ ဖွင့်ဟထုတ်ဖော်မှုဖြစ်ပေါ်လာစေရေး IFRS Foundation နှင့် ပူပေါင်းဆောင်ရွက်မှုအခြေအနေ၊ ဒစ်ဂျစ်တယ်ပိုင်ဆိုင်မှုအား စည်းမျဉ်းထိန်းကျောင်းမှုများကိုဆွေးနွေး၍ အမြင်ချင်းဖလှယ်ကြပါသည်။

အဆိုပါ အစည်းအဝေးသို့ အာဆီယံ ၁၀ နိုင်ငံရှိ အရင်းအနှီးဈေးကွက် စည်းမျဉ်းထိန်းကျောင်းသည့် အဖွဲ့အစည်းများ၊ အာရှဖွံ့ဖြိုးရေးဘဏ်၊ Sustainable Finance Institute of Asia (SFIA) တို့မှ ကိုယ်စားလှယ်စုစုပေါင်း ၁၀၅ ဦး တက်ရောက်ခဲ့ပါသည်။

 

နောက်ဆုံးရသတင်းများ