အရင်းအနှီးဈေးကွက်ဖိုရမ် ဒုတိယအကြီးအကဲများအစည်းအဝေးတက်ရောက်

အာဆီယံအရင်းအနှီးဈေးကွက်ဖိုရမ်ဒုတိယအကြီးအကဲများ အစည်းအဝေး (ASEAN Capital Market Forum Deputies Meeting) ကို လက်ရှိသဘာပတိဖြစ်သော ကမ္ဘောဒီးယားနိုင်ငံ ငွေချေးသက်သေခံလက်မှတ်လုပ်ငန်း ကော်မရှင်မှ ကြီးမှူး၍ ၁၉-၉-၂၀၂၂ ရက် (တနင်္လာနေ့) နံနက် ၇:၃၀ နာရီမှ ၁၅:၃၀နာရီအထိ Virtual စနစ်ဖြင့်ကျင်းပရာ ငွေချေးသက်သေခံလက်မှတ် လုပ်ငန်းကြီးကြပ်ရေးကော်မရှင် အတွင်းရေးမှူး၊ ကော်မရှင်ရုံးညွှန်ကြားရေးမှူးချုပ်ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ပါသည်။

အဆိုပါ အစည်းအဝေးတွင် ASEAN Corporate Governance ဆုချီးမြှင့်မည့် အစီအစဉ်များ၊ ASEAN Website Payment နှင့်စပ်လျဉ်း၍ နောက်ဆုံးအခြေအနေများနှင့် MMOU ရေးထိုးမည့် ကိစ္စရပ်များ၊ ACMF ၏ Sustainable  နှင့်စပ်လျဉ်း၍ လူမှုကွန်ယက်  ( Facebook, YouTube) များတွင် တင်မည့် အစီအစဉ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ပြီး ဆွေးနွေးရရှိချက်များအား ACMF  ဥက္ကဋ္ဌ များ အစည်းအဝေး၌ ဆက်လက်တင်ပြအတည်ပြုရန် နှင့် ACMF ဥက္ကဋ္ဌ များအစည်းအဝေးနှင့် တစ်ဆက် တည်းကျင်းပမည့် အရင်းအနှီးဈေးကွက်နှင့် နိုင်ငံတကာညီလာခံတွင် အတည်ပြုပြောကြားမည့် ကိစ္စရပ်များအား ဆွေးနွေးအမြင်ချင်း ဖလှယ်ကြပါသည်။အဆိုပါ အစည်းအဝေးသို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ် ၁၅၁ ဦး တက်ရောက်ခဲ့သည်။

နောက်ဆုံးရသတင်းများ