ASEAN securities regulators term up with ISSB to mark global launch of sustainability disclosure standard

ISSB နှင့် အာဆီယံ ငွေချေးသက်သေခံလက်မှတ်လုပ်ငန်း စည်းမျဉ်းထိန်းကျောင်းသူများ ပူးပေါင်း၍ ကမ္ဘာလုံးဆိုင်ရာ ရေရှည်တည်တံ့နိုင်မှုဆိုင်ရာ ထုတ်ဖော်မှုစံနှုန်းများ စတင် မိတ်ဆက်ခြင်း

အာဆီယံအရင်းအနှီးဈေးကွက်ဖိုရမ် ASEAN Capital Markets Forum (ACMF) သည် International Sustainability Standards Board (ISSB) နှင့်ပူးပေါင်း၍ IFRS Sustainability Disclosure Standards (ISSB Standards) ကို စင်္ကာပူနိုင်ငံတွင် ၂၀၂၃ ခုနှစ် ဇွန်လ ၂၇ နှင့် ၂၈ ရက်နေ့များ၌ ကွန်ဖရင့်ဖြင့်ကျင်းပ၍ စတင်မိတ်ဆက် ခဲ့ပါသည်။

အဆိုပါအခမ်းအနားသည် ISSB ၏ စံနှုန်းနှစ်ခုကို ကမ္ဘာလုံးဆိုင်ရာအစီအစဉ်ဖြင့် စတင်မိတ်ဆက်ခြင်း၏ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး၊ ရေရှည်တည်တံ့နိုင်မှုထုတ်ဖော်မှုအခြေခံလိုအပ်ချက်များနှင့် ရာသီဥတုဆိုင်ရာထုတ်ဖော်မှု လိုအပ်ချက်များပါဝင်ပါသည်။

ISSB ကို ၂၀၂၁ ခုနှစ် နိုဝင်ဘာလတွင် Glasgow ရှိ COP26 တွင် IFRS ဖောင်ဒေးရှင်းမှ တည်ထောင်ခဲ့ခြင်းဖြစ်ပြီး ရေရှည်တည်တံ့ခိုင်မြဲမှုဆိုင်ရာ ထုတ်ဖော်မှုများတွင် ကမ္ဘာလုံးဆိုင်ရာ ရင်းနှီးမြှုပ်နှံသူများ၏ လိုအပ်ချက်နှင့်ကိုက်ညီသည့် ရေရှည်တည်တံ့မှုဆိုင်ရာ ဘေးအန္တရာယ်များနှင့် အခွင့်အလမ်းများအကြောင်း အချက်အလက်များအတွက် ကမ္ဘာ့ရင်းနှီးမြှုပ်နှံသူများ၏ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန် တည်ထောင်ခဲ့ခြင်းဖြစ်ပါသည်။ ၎င်း၏လုပ်ငန်း ကို G20၊ အပြည်ပြည်ဆိုင်ရာ ငွေချေးသက်ခံလက်မှတ်လုပ်ငန်းအဖွဲ့ (IOSCO) နှင့် အခြားအဖွဲ့အစည်းများမှ အားပေးခဲ့ပါသည်။

အာဆီယံအရင်းအနှီးဈေးကွက်ဖိုရမ်သည် အရင်းအနှီးဈေးကွက်များမှတစ်ဆင့် စဉ်ဆက်မပြတ်ဖွံ့ဖြိုး တိုးတက်မှုကို တွန်းအားပေးရန် ကြိုးပမ်းမှုတစ်စိတ်တစ်ပိုင်းအနေဖြင့် အာဆီယံ၏စဉ်ဆက်မပြတ်သော အရင်းအနှီးဈေးကွက် များအတွက် ကော်ပိုရိတ်ရေရှည်တည်တံ့ခိုင်မြဲမှုဖော်ပြချက်များကို မြှင့်တင်ပေးခြင်းကို ဦးစားပေးအကြံပြုချက်အဖြစ်ပါဝင်သည့် အာဆီယံအရင်းအနှီးဈေးကွက်လမ်းပြမြေပုံကို ရေးဆွဲခဲ့ပါသည်။ ACMF သည် ISSB စံနှုန်းများကို သိရှိနားလည်မှုမြှင့်တင်ရန်နှင့် စွမ်းဆောင်ရည်တည်ဆောက်ရန်အတွက် ACMF နှင့် ISSB တို့ ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။

ACMF-ISSB ၏ ပူးတွဲညီလာခံနှင့် နည်းပညာဆိုင်ရာသင်တန်းသည် အာဆီယံအရင်းအနှီးဈေးကွက်ဖိုရမ်နှင့် ISSB အကြား ပုံမှန်တွေ့ဆုံဆွေးနွေးမှုအပေါ် အခြေခံထားခြင်းဖြစ်ပြီး၊ နိုင်ငံတစ်ခုချင်းစီ၏ ဥပဒေစည်းမျဉ်း ထိန်းကျောင်း မှုပေါ်အခြေခံ၍ အာဆီယံတဝှမ်းတသမတ်တည်းရှိသည့် ရေရှည်တည်တံ့ခိုင်မာသော ဖွင့်ဟထုတ်ဖော်မှုများကို အားပေးမြှင့်တင်သည့် နည်းလမ်းတစ်ခုအဖြစ် ISSB၏ နိုင်ငံတကာစံနှုန်း သတ်မှတ်ချက်ကို လက်ခံကျင့်သုံးနိုင်ရန် ဖြစ်နိုင်ချေကို အကဲဖြတ်ခဲ့ပါသည်။

ပူးတွဲညီလာခံကို ၂၀၂၃ ခုနှစ်  ဇွန် ၂၇ ရက်နေ့ တွင်ကျင်းပခဲ့ပြီး အွန်လိုင်းမှလည်းပါဝင်နိုင်ခဲ့ပါသည်။  အဆိုပါ အခမ်း အနားသို့ အာဆီယံ ဥပဒေ စည်းမျ​ဉ်းထိန်းကျောင်းသူများ၊ ရင်းနှီးမြုပ်နှံသူများ၊ ကော်ပိုရိတ်များနှင့် အခြားသော သက်ဆိုင်သူ ၂၀၀ ကျော် တက်ရောက်ခဲ့ပြီး အွန်လိုင်းမှတက်ရောက်သူအပါအဝင် စုစုပေါင်း လူ ၁၀၀၀ ကျော်  တက်ရောက်ခဲ့သည်။

အဆိုပါ ညီလာခံတွင် အာဆီယံအရင်းအနှီးဈေးကွက်ဖိုရမ်အလှည့်ကျ ဥက္ကဌ Otoritas Jasa Keuangan, Indonesia (OJK) မှ Mr. Inarno Djajadi, Singapore of Monetary Authority ၏ Markets Policy & Infrastructure ဌာနအကြီးအကဲ Ms Abigail Ng, ACMF Working Group A ၏ ဥက္ကဌ Mr. Jingdong Hua, ISSB Vice-Chair နှင့် Global Reporting Initiative’s (GRI)၏ ASEAN Regional Hub အကြီးအကဲ Ms. Allinnettes Go Adigue တို့မှ အမှာစကားပြောကြားခဲ့ပြီး စံနှုန်းသစ်များနှင့်ပတ်သက်၍ အသေးစိတ်တင်ပြမှုများအပြင် ရေရှည်တည်တံ့နိုင်မှု ထုတ်ဖော်မှုများနှင့် ISSB စံနှုန်းများနှင့်စပ်လျဉ်းသည့် စကားဝိုင်း ဆွေးနွေးမှုများလည်း ပါဝင်ပါသည်။

၂၀၂၃ ခုနှစ် ဇွန်လ ၂၈ ရက်နေ့တွင် နည်းပညာဆိုင်ရာသင်တန်းနှင့်အလုပ်ရုံဆွေးနွေးပွဲကို စည်းမျ​ဉ်းထိန်းကျောင်းသူ များနှင့် ကော်ပိုရိတ်များအတွက် ရည်ရွယ်ကျင်းပခဲ့ပါသည်။ အဆိုပါ နည်းပညာဆိုင်ရာသင်တန်းနှင့် အလုပ်ရုံဆွေးနွေး ပွဲသည် ISSB စံနှုန်းများ၏ နည်းပညာဆိုင်ရာကဏ္ဍများကို စည်းကမ်းထိန်းသိမ်းရေးနှင့် ကော်ပိုရိတ်ပြင်ဆင်သူများ အတွက် လက်တွေ့ကျကျ နက်ရှိုင်းစွာ ပိုမိုနားလည်စေရန် ပံ့ပိုးပေးမည်ဖြစ်ပါသည်။

ISSB-ACMF

အာဆီယံ ငွေချေးသက်သေခံလက်မှတ်လုပ်ငန်း စည်းမျဉ်းထိန်းကျောင်းသူများသည် ဒေသတွင်း ရေရှည် တည်တံ့ရေးဆိုင်ရာ ကတိကဝတ်များကို ပံ့ပိုးရာတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ပါသည်။ ISSB စံနှုန်းများ စတင်ထုတ်ပြန်ခြင်းအားကြိုဆိုပြီး ISSB ၏ ကမ္ဘာလုံးဆိုင်ရာ အခြေခံအချက်အား အာဆီယံ ဒေသတွင် မည်သို့ထည့်သွင်းနိုင်သည်ဟူသော ထိရောက်သောဆွေးနွေးမှုများကို စောင့်မျှော်နေပါသည်။”

   Mr. Inarno Djajadi

အာဆီယံအရင်းအနှီးဈေးကွက်ဖိုရမ်အလှည့်ကျ ဥက္ကဌ

“ISSB စံနှုန်းများသည် ရင်းနှီးမြုပ်နှံသူများ၏ အချက်အလက်လိုအပ်ချက်များကို ဖြည့်ဆည်းပေးရန် အတွက် အရည်အသွေးမြင့် ကမ္ဘာလုံးဆိုင်ရာ အခြေခံအချက်အလက်များကို ပေးအပ်ရန် ရေးဆွဲထားခြင်း ဖြစ်သောကြောင့် ကမ္ဘာတစ်ဝှမ်းရှိ အရင်းအနှီးဈေးကွက်များ ကောင်းမွန်စွာ လည်ပတ်နိုင်စေရန် ပံ့ပိုးပေး ပါသည်။ ကျွန်ုပ်တို့သည် ကမ္ဘာလုံးဆိုင်ရာအခြေခံအချက် ကို လက်ခံကျင့်သုံးခြင်းနှင့်ပတ်သက်၍ အာဆီယံ တစ်ဝှမ်းရှိ သက်ဆိုင်သူများနှင့် ဆက်လက် ပူးပေါင်း ဆောင်ရွက်သွားရန် တိုက်တွန်းလိုက်ပါသည်။”

 

နောက်ဆုံးရသတင်းများ