(၃၆) ကြိမ်မြောက် အာဆီယံအရင်းအနှီးဈေးကွက်ဥက္ကဌများအစည်းအဝေး (36th Chairs’ Meeting of the ASEAN Capital Markets Forum)

(၃၆)ကြိမ်မြောက်အာဆီယံအရင်းအနှီးဈေးကွက်ဥက္ကဌများအစည်းအဝေး (36th Chairs’ Meeting of the ASEAN Capital Markets Forum) ကို ယနေ့၊ နေ့လယ် (၁၂:၃၀) နာရီတွင် Virtual စနစ်ဖြင့် ကျင်းပရာ     မြန်မာနိုင်ငံမှ   စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊  ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်   အတွင်းရေးမှူး ၊   ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်ရုံး၊ ညွှန်ကြားရေးမှူးချုပ် ဦးကြည်ဇင်ထွန်း၊ ညွှန်ကြားရေးမှူးများဖြစ်ကြသည့် ဒေါ်ကြည်ကြည်ခင်ဆွေ နှင့် ဦးဆန်းဝင်း တို့ပါဝင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့တက်ရောက်ခဲ့ပါသည်။

အစည်းအဝေးတွင် ၂၀၂၂ ခုနှစ် အာဆီယံအရင်းအနှီး ဈေးကွက်ဖိုရမ် ၏   အလှည့်ကျဥက္ကဋ္ဌဖြစ်သော      ကမ္ဘောဒီးယားနိုင်ငံ၊ ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေး ကော်မရှင်၊ ဥက္ကဌ H.E. Mr Sou Socheat က သဘာပတိအဖြစ်  ဆောင်ရွက်ပြီး  အာဆီယံဒေသတွင်းနိုင်ငံများ၏   အရင်းအနှီးဈေးကွက်ကြီးကြပ်ရေးကော်မရှင်များမှ ဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများ၊ အာဆီယံအတွင်းရေးမှူးချုပ် ရုံးမှ ကိုယ်စားလှယ်များနှင့် အာရှဖွံ့ဖြိုးရေးဘဏ်မှ ကိုယ်စားလှယ်များ စုစုပေါင်း (၅၀) ဦးခန့် တက်ရောက်သည်။

အစည်းအဝေးတွင် အာဆီယံစုပေါင်းရင်းနှီမြှုပ်နှံမှုအစီအစဉ်အတွက် ဝက်ဘ်ဆိုက်သစ် ဆောင်ရွက်ထားရှိမှု၊ အာဆီယံရန်ပုံငွေအဖွဲ့အစည်းများ၏ တာဝန်ခံမှုရှိသည့် စဉ်ဆက်မပြတ် ဖွင့်ဟထုတ်ဖော်မှု ဆိုင်ရာစံသတ်မှတ်ချက်များ တပြေးညီပြဌာန်းနိုင်ရေးလုပ်ငန်းစဉ်များ၊ အာဆီယံ ဒေသတွင်း အရင်းအနှီးဈေးကွက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များအား ACMF Pass ဖြင့် ခွင့်ပြုခဲ့သည့် အခြေအနေများ၊ အာဆီယံအရင်းအနှီးဈေးကွက် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း အဖွဲ့နှင့် အာဆီယံ အရင်းအနှီးဈေးကွက်များဖိုရမ်တို့ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် အာဆီယံရေရှည် တည်တံ့ခိုင်မြဲသော ဘဏ္ဍာရေး ဆိုင်ရာ ဆောင်ရွက်ချက်များကို အကောင်အထည်ဖော်ဆောင်ရွက်နေမှုများ၊ အရင်းအနှီးဈေးကွက် အသွင်ကူးပြောင်းခြင်းဆိုင်ရာ စံသတ်မှတ်ချက်များ၊ ကာလရှည် ငွေချေးစာချုပ် (Sustainability-Linked Bond) များထုတ်ဝေခြင်းဆိုင်ရာ စံသတ်မှတ် ချက်များ၊ အာဆီယံဒေသရှိ စာရင်းဝင်ကုမ္ပဏီများ၏ ကော်ပိုရိတ်စီမံအုပ်ချုပ်မှုဆိုင်ရာ  အကဲဖြတ် အစီအစဉ်၊ OECD ၏ ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်နှင့် Terms of Reference  ရေးဆွဲမှုအစီအစဉ်များ ၊  အာဆီယံဝက်ဘ်ဆိုက်ထိန်းသိမ်းစရိတ်နှင့်  ဘက်စုံနားလည်မှု စာချွန်လွှာရေးထိုးရေး အစီအစဉ်များ၊ အာရှဖွံ့ဖြိုးရေးဘဏ်မှ အာဆီယံ အရင်းအနှီးဈေးကွက်များ ဖွံ့ဖြိုး တိုးတက်ရေးအတွက် နည်းပညာဆိုင်ရာအကူအညီပေးမှုများကို ဆွေးနွေးခဲ့ကြသည်။

ထို့ပြင် ACMF, Insurance Regulators’ Meeting (AIRM),   Senior Level Committee on Financial Integration (SLC) နှင့် အာဆီယံ အရင်းအနှီးစျေးကွက် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းအဖွဲ့ (WC-CMD)တို့ ပူးပေါင်းဖွဲ့စည်းထားသည့် ASEAN  Taxonomy Board မှ ရေးဆွဲ ခဲ့သည့် Version 1 of ASEAN Taxonomy for Sustainable Finance အပေါ် ထပ်မံမွမ်းမံ ရေးဆွဲ မည့် အစီအစဉ်များကို ဆွေးနွေးခဲ့ကြသည်။

အစည်းအဝေးမှ ACMF Vision 2025 အဖြစ် ၂၀၂၁ ခုနှစ်မှ ၂၀၂၅ ခုနှစ်အတွင်း ACMF Action Plan (2021-2025) အရ ဦးစားပေးဆောင်ရွက်မည့် လုပ်ငန်းနယ်ပယ်များဖြစ်သော အရင်းအနှီး ဈေးကွက်တိုးတက်မှုဆိုင်ရာ သတင်းအချက်အလက်များကို ပွင့်လင်းမြင်သာမှုဖော်ဆောင်ရေး၊အာဆီယံဒေသတွင်း နယ်စပ်ဖြတ်ကျော် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာလုပ်ထုံး လုပ်နည်းများ ဆက်လက် အကောင်အထည်ဖော်ဆောင်ရွက်ရေး၊ ဒေသတွင်းအရင်းအနှီးဈေးကွက်များ တစ်ခုနှင့်တစ်ခုအပြန်အလှန်ချိတ်ဆက်ဆောင်ရွက်ရေး၊ ဒေသတွင်းအရင်းအနှီးဈေးကွက်များ ဖွံ့ဖြိုးတိုးတက်လာရေး အတွက် ပိုမိုပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းနယ်ပယ်များကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ခဲ့ကြကြောင်း သိရှိရပါသည်။

သတင်းစဉ်

နောက်ဆုံးရသတင်းများ