(၄၀) ကြိမ်မြောက် အာဆီယံအရင်းအနှီးဈေးကွက်ဖိုရမ် ဥက္ကဋ္ဌများအစည်းအဝေး (40th ASEAN Capital Market Forum-ACMF Chairs Meeting) သို့ မြန်မာကိုယ်စားလှယ်အဖွဲ့တက်ရောက်

(၄၀) ကြိမ်မြောက် အာဆီယံအရင်းအနှီးဈေးကွက်ဖိုရမ် ဥက္ကဋ္ဌများအစည်းအဝေး (40th ACMF Capital Market Forum-ACMF Chairs Meeting) ကို လာအိုနိုင်ငံ၊ လမ်ပရာဘွန်မြို့တွင် ၂၀၂၄ ခုနှစ်၊ မတ်လ ၁၅ ရက်မှ ၁၆ ရက်နေ့အထိကျင်းပခဲ့ရာ ACMF အလှည့်ကျဥက္ကဋ္ဌ လာအိုနိုင်ငံ၊ ငွေချေးသက်သေခံလက်မှတ် လုပ်ငန်းကြီးကြပ်ရေးကော်မရှင်၏ ဖိတ်ကြားချက်အရ မြန်မာနိုင်ငံငွေချေးသက်သေခံလက်မှတ်လုပ်ငန်း ကြီးကြပ်ရေးကော်မရှင် (Securities and Exchange Commission of Myanmar SECM) မှ ကိုယ်စားလှယ်အဖွဲ့တက်ရောက်ခဲ့သည်။ အစည်းအဝေးသို့ အာဆီယံအရင်းအနှီးဈေးကွက်ဖိုရမ်အဖွဲ့ဝင်များဖြစ်သည့် အာဆီယံ (၁၀) နိုင်ငံရှိ ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်များမှ ဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများ ၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံး၊ အာရှဖွံ့ဖြိုးရေးဘဏ်နှင့် Sustainable Finance Institute Asia-SFIA တို့မှ ကိုယ်စားလှယ်များ စုစုပေါင်း ၁၀၁ ဦး တက်ရောက်ကြောင်းသိရှိရသည်။

နောက်ဆုံးရသတင်းများ