ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင် ၄/၂၀၂၄ ကြိမ်မြောက် ကော်မရှင်အစည်းအဝေးကျင်းပ

ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်၏ ၄/၂၀၂၄ ကြိမ်မြောက် ကော်မရှင်အစည်းအဝေးကို ၂၀၂၄ ခုနှစ်၊ ဧပြီလ ၂၆ ရက်နေ့ နံနက် ၁၀:၀၀ နာရီတွင် ကျင်းပခဲ့ရာ အစည်းအဝေးသို့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးမောင်မောင်ဝင်းက Virtual စနစ်ဖြင့် တက်ရောက် အမှာစကားပြောကြားခဲ့ပါသည်။

အစည်းအဝေးတွင် ကော်မရှင်ဥက္ကဋ္ဌက ယခုကျင်းပသည့်အစည်းအဝေးသည် ၂၀၂၄-၂၀၂၅ ခု ဘဏ္ဍာရေးနှစ်၏ ပထမဆုံးအကြိမ်ကျင်းပသည့် အစည်းအဝေးဖြစ်ကြောင်း၊ ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်သည် အရင်းအနှီးဈေးကွက်ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရာတွင် စည်းမျဉ်းစည်းကမ်းထိန်းကျောင်းသည့်အဖွဲ့အစည်းဖြစ်ကြောင်း၊ အချို့သော ထုတ်ပြန်ပြီးသည့် Regulation များသည် Up to Date ဖြစ်ရန်လိုကြောင်း၊ အဓိကကတော့ အသိပညာပေးအစီအစဉ် Awareness လုပ်ရန်လိုအပ်လိမ့်မည်ဟု ယူဆရကြောင်း၊ Awareness ပိုင်းမှာလည်း issuer ကိုပေးရမည့် Awareness နှင့် Investor ကိုပေးရမည့် Awareness ဟူ၍ ခွဲခြားပြုစုထားရန်လိုအပ်ကြောင်း၊ Investor ကိုပေးရမည့် Awareness နှင့်ပတ်သက်၍      ရန်ကုန်စတော့အိတ်ချိန်းနှင့် သက်ဆိုင်ရာ Securities Company, UMFCCI, DICA စသည့်အသင်းအဖွဲ့များ၏ အတွေ့အကြုံနှင့်ပေါင်းစပ်ပြီး အရင်းအနှီးဈေးကွက်တွင် ရင်းနှီးမြှုပ်နှံလာစေရန် အသိပညာပေးစည်းရုံးဆွဲဆောင်ရမည်ဖြစ်ကြောင်း၊ Pre-Listing Board-PLB တည်ထောင်ပြီးသည့်အတွက် PLB တွင် တိုးတက်မှုရှိလာအောင် လက်ရှိ Primary Market တွင်လည်း ဖွံ့ဖြိုးတိုးတက်လာစေရန် ဝိုင်းဝန်းကြိုးစားကြရမည့်ဖြစ်ကြောင်း၊ Securities company များနှင့်ပတ်သက်ပြီး SC တစ်ခုချင်းအလိုက် ဖွံ့ဖြိုးတိုးတက်မှုများ၊ SC များကို Supervise လုပ်ရာမှာလည်း ဗဟိုဘဏ်မှ ပုဂ္ဂလိကဘဏ်များကို Supervise လုပ်သကဲ့သို့ ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း သို့မှသာ မြန်မာနိုင်ငံ၏ Capital Market ဖွံ့ဖြိုးတိုးတက် လာမည်ဖြစ်ပြီး နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်၍ ကော်မရှင်အတွင်းရေးမှူးက ၃/၂၀၂၄ ကြိမ်မြောက် ကော်မရှင်အစည်းအဝေး၏ ဆောင်ရွက်ပြီးစီးမှုများကို တင်ပြခဲ့ပြီး အရင်းအနှီးဈေးကွက်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ရမည့်ကိစ္စရပ်များကို ဆွေးနွေးဆုံးဖြတ်ခဲ့ပါသည်။

အစည်းအဝေးသို့ ကော်မရှင်အဖွဲ့ဝင်များ၊ ကော်မရှင်အတွင်းရေမှူးနှင့် ကော်မရှင်ရုံးမှ တာဝန်ရှိသူများတက်ရောက်ခဲ့ကြကာ အစည်းအဝေးကို မွန်းလွဲ (၁၂း၀၀)တွင် ရုပ်သိမ်းခဲ့ပါသည်။

နောက်ဆုံးရသတင်းများ