ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်၏ ၁၀/၂၀၂၃ ကြိမ်မြောက် ကော်မရှင်အစည်းအဝေးကျင်းပ

ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်၏ ၁၀/၂၀၂၃ ကြိမ်မြောက်ကော်မရှင်အစည်းအဝေးကို ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၁၈ ရက်နေ့ မွန်းလွဲ ၁:၀၀ နာရီတွင် ကော်မရှင်ရုံးအစည်းအဝေးခန်းမ၌ Virtual စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေးသို့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးမောင်မောင်ဝင်းက တက်ရောက်အမှာစကားပြောကြားခဲ့ပါသည်။

အစည်းအဝေးတွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်ဥက္ကဋ္ဌက နိုင်ငံတော်၏ စီးပွားရေးအရွယ်အစား၊ လူဦးရေအချိုးအစားနှင့် ပို့ကုန်သွင်းကုန်အနေအထား၊ ကုန်ထုတ်လုပ်မှုကုန်သွယ်မှုနှင့် ဝန်ဆောင်မှုအနေအထားအရ ရန်ကုန်စတော့အိပ်ချိန်းတွင် စာရင်းဝင်ကုမ္ပဏီအရေအတွက်မှာ ယခုထက်ပိုပြီးတိုးပွားလာစေရန်အတွက် Diagnostic Strategy သေချာလုပ်ဆောင်ပြီး ကျော်လွှားနိုင်မည့်နည်းလမ်းများကို ဝိုင်းဝန်းစဉ်းစားကြရမည်ဖြစ်ကြောင်း၊ အရင်းအနှီးဈေးကွက်အတွင်း စာရင်းဝင်ကုမ္ပဏီများတိုးပွားလာပြီး အရောင်းအဝယ်တိုးတက်လာစေရန် ကော်မရှင်၊ ရန်ကုန်စတော့အိပ်ချိန်းနှင့် ငွေချေးသက်သေခံလက်မှတ်ကုမ္ပဏီများက ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ကော်မရှင်အနေဖြင့် Corporate Bond နှင့် ပတ်သက်ပြီး စာတမ်းတစ်စောင်တင်သွင်းလာသည်ကို တွေ့ရှိရကြောင်း၊ ထို့အပြင် အရင်းအနှီးဈေးကွက်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကုစားပေးမှုများနှင့် နိုင်ငံတော်ကပံ့ပိုးပေးရမည့်နည်းလမ်းများ၊ ပြင်ပစီးပွားရေးအခြေအနေ၊ ကိုဗစ်-၁၉ သက်ရောက်မှုကြောင့် ထိခိုက်ခဲ့ရသည့်အခြေအနေများ၊ ပြည်တွင်းအသားတင် ထုတ်လုပ်မှုတန်ဖိုးအပါအဝင် တိုင်းပြည်၏စီးပွားရေးဖွံ့ဖြိုးမှုအခြေအနေများကို ရှုထောင့်ပေါင်းစုံက ဖော်ထုတ်ပြသနိုင်မည့် စာတမ်းတစ်စောင်ကို ကော်မရှင်ကဦးဆောင်ပြီးပြုစုတင်သွင်းရန်မှာကြားခဲ့ပါသည်။

ဆက်လက်၍ ကော်မရှင်အတွင်းရေးမှူးက ၉/၂၀၂၃ ကြိမ်မြောက် ကော်မရှင်အစည်းအဝေး၏ ဆောင်ရွက်ပြီးစီးမှုအခြေအနေများကိုတင်ပြခဲ့ပြီး အရင်းအနှီးဈေးကွက်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆက်လက်ဆောင်ရွက်မည့်ကိစ္စရပ်များကို ဆွေးနွေးဆုံးဖြတ်ခဲ့ကြပါသည်။

အစည်းအဝေးသို့ ကော်မရှင်အဖွဲ့ဝင်များ၊ ကော်မရှင်အတွင်းရေးမှူးနှင့် ကော်မရှင်ရုံးမှတာဝန်ရှိသူများ တက်ရောက်ခဲ့ကြကာ အစည်းအဝေးကို မွန်းလွဲ ၃:၃၀ တွင် အချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။

နောက်ဆုံးရသတင်းများ