ဒုတိယဝန်ကြီးချုပ်၊ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန် ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်ရုံး ဝန်ထမ်းများနှင့်တွေ့ဆုံ

ဒုတိယဝန်ကြီးချုပ်၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်သည် ဇွန်လ ၂၀ ရက်နေ့တွင် ရန်ကုန်မြို့၊ ဆူးလေဘုရားလမ်းရှိ ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်ရုံး၌ ကော်မရှင်အဖွဲ့ဝင်များနှင့် ကော်မရှင်ရုံးဝန်ထမ်းများအား ရင်းရင်းနှီးနှီးတွေ့ဆုံခဲ့ပါသည်။

ကော်မရှင်အဖွဲ့ဝင်များနှင့် တွေ့ဆုံစဉ် ဒုတိယဝန်ကြီးချုပ်၊ ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံ၏ အရင်းအနှီးဈေးကွက်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကော်မရှင်၏အခန်းကဏ္ဍသည် အရေးကြီးကြောင်း၊ ငွေချေးသက်သေခံလက်မှတ်ဖြစ်သည့် အစုရှယ်ယာများထုတ်ဝေရောင်းချသည့် အရည်အသွေးမီ အများပိုင်ကုမ္ပဏီများဖြစ်လာစေရေးအတွက် ဥပဒေ၊ နည်းဥပဒေ၊သတ်မှတ်စံနှုန်းများနှင့်အညီ စိစစ်ဆောင်ရွက်ရန်၊တစ်ဖက်တွင်လည်း ရင်းနှီးမြှုပ်နှံသူပြည်သူများအား ဥပဒေနှင့်အညီ အကာအကွယ်ပေးရေးဆောင်ရွက်သွားရန်မှကြားခဲ့ပါသည်။

ထို့နောက် ဒုတိယဝန်ကြီးချုပ်၊ပြည်ထောင်စုဝန်ကြီးသည် ကော်မရှင်ရုံးရှိ အရာထမ်း၊အမှုထမ်းများနှင့် ကော်မရှင်ရုံးအစည်းအဝေးခန်းမ၌တွေ့ဆုံ၍ ဝန်ထမ်းစည်းမျဉ်းစည်းကမ်းများနှင့်အညီ တာဝန်ထမ်းဆောင်ရေး၊ဝန်ထမ်းသက်သာချောင်ချိရေးကိစ္စရပ်များကို ရှင်းလင်းပြောကြားခဲ့ပြီး လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလေးထားဆောင်ရွက်ရန်မှာကြားခဲ့ပါသည်။

နောက်ဆုံးရသတင်းများ