ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်ရုံး၏ လစဉ်ဝန်ထမ်းဆန္ဒဖော်ထုတ်ပွဲ (ဒါဘာ) ကျင်းပ

ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်၏ လစဉ်ပြုလုပ်မြဲဖြစ်သည့် ဝန်ထမ်းဆန္ဒဖော်ထုတ်ပွဲ (ဒါဘာ) အခမ်းအနားကို ၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၅ ရက်နေ့ မွန်းလွဲ ၁:၀၀ နာရီတွင် ကော်မရှင်ရုံးအစည်းအဝေးခန်းမ၌ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါ အခမ်းအနားတွင် ညွှန်ကြားရေးမှူးချုပ် ဦးကြည်ဇင်ထွန်းက အဖွင့်အမှာစကားပြောကြားရာ၌ မိုးရာသီရောက်ရှိလာပြီဖြစ်သည့်အတွက် ဝန်ထမ်းများအနေဖြင့် ကျန်းမာရေးကို အထူးဂရုစိုက်ကြရန်လိုကြောင်းနှင့် အပတ်စဉ်သောကြားနေ့တိုင်းတွင် ရုံးပရဝုဏ်အတွင်းစုပေါင်းသန့်ရှင်ရေးဆောင်ရွက်ကြရန် မှာကြားခဲ့ပါသည်။ဆက်လက်၍ ညွှန်ကြားရေးမှူး(စီမံ) က ရုံးလုပ်ငန်းဆိုင်ရာများရှင်းလင်းကာ အခမ်းအနားကို မွန်းလွဲ ၂:၀၀ နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။

နောက်ဆုံးရသတင်းများ