ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်ရုံး လစဉ်ဝန်ထမ်းဆန္ဒဖော်ထုတ်ပွဲ (ဒါဘာ) ကျင်းပ

ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်ရုံး၏ လစဉ်ဝန်ထမ်းဆန္ဒဖော်ထုတ်ပွဲအခမ်းအနား (ဒါဘာ) ကို ၂၀၂၄ ခုနှစ်၊ မေလ ၁၇ ရက်နေ့ မွန်းလွဲ ၂:၀၀ နာရီတွင် ကော်မရှင်ရုံး အစည်းအဝေးခန်းမ၌ကျင်းပပြုလုပ်ခဲ့ပါသည်။

အခမ်းအနားတွင် ကော်မရှင်ရုံးညွှန်ကြားရေးမှူးချုပ်ဦးကြည်ဇင်ထွန်းက ဝန်ထမ်းများအနေဖြင့်စာများများဖတ်ကြရန်လိုကြောင်း၊ ရုံးစာရေးသားကြရာ၌မြန်မာစာလုံးပေါင်းသတ်ပုံများကို ဂရုပြုကြရန်နှင့် ရုံးလုပ်ငန်းလက်စွဲပါအတိုင်းရေးသားကြစေလိုကြောင်း၊ ဝန်ထမ်းများအားကျန်းမာရေးကိုဂရုစိုက်ကြရန်၊ မိုးရာသီရောက်ရှိလာပြီဖြစ်သဖြင့် ဝန်ထမ်းကြို/ပို့ယာဉ်များကိုလည်း ဂရုတစိုက်မောင်းနှင့်ကြရန်လိုကြောင်း၊ ထို့အပြင် ဝန်ထမ်းအိမ်ရာဝန်းကျင်ကို ရေစီးရေလာကောင်းစေရေးဆောင်ရွက်သွားကြရန်လိုကြောင်း၊ အပတ်စဉ်သောကြာ်နေ့တိုင်း ရုံးသန့်ရှင်းရေးစုပေါင်းလုပ်ဆောင်ကြရန်လိုကြောင်း ပြောကြားခဲ့ကာအခမ်းအနားကိုမွန်းလွဲ ၃:၀၀ နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။

နောက်ဆုံးရသတင်းများ