ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်၏ ၅/၂၀၂၄ ကြိမ်မြောက် ကော်မရှင်အစည်းအဝေးကျင်းပ

ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်၏ ၅/၂၀၂၄ ကြိမ်မြောက် ကော်မရှင်အစည်းအဝေးကို ၂၀၂၄ ခုနှစ်၊ မေလ ၂၀ ရက်နေ့ မွန်းလွဲ ၄:၀၀ နာရီတွင် ကျင်းပရာ အစည်းအဝေးသို့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးမောင်မောင်ဝင်းက Virtual စနစ်ဖြင့် တက်ရောက် အမှာစကားပြောကြားခဲ့ပါသည်။

အစည်းအဝေးတွင် ကော်မရှင်ဥက္ကဋ္ဌက ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်အနေဖြင့် မြန်မာနိုင်ငံတွင်ရှိသည့် အရင်းအနှီးဈေးကွက်ကိုပုံမှန်လည်ပတ်နေရန်နှင့် ဖွံ့ဖြိုးတိုးတက်ရန်အဓိကတာဝန်ရှိကြောင်း၊ ထို့အပြင် အရင်းအနှီးဈေးကွက်ဖွံ့ဖြိုးတိုးတက်ရန်ကြိုးပမ်းရာတွင် ရန်ကုန်စတော့အိပ်ချိန်း၊ ငွေချေးသက်သေခံလက်မှတ်ကုမ္ပဏီများနှင့် ပူးပေါင်းဆောင်ရွက်ရမှာဖြစ်ကြောင်း၊ တစ်ဖက်တွင်လည်း Primary Bond Market ပုံမှန်လည်ပတ်နေသည့်အတွက်ကြောင့် Secondary Bond Market ကို ဖွံ့ဖြိုးတိုးတက်လာအောင် အစီအမံများချပြီး ဝိုင်းဝန်းဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ ကော်မရှင်နှင့်ငွေချေးသက်သေခံလက်မှတ်ကုမ္ပဏီများဘက်မှလည်း အရောင်းအဝယ်ပြုလုပ်တဲ့ပမာဏများ တိုးတက်လာအောင် ကြိုးစားရမှာဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် ရာသီဥတုပြောင်းလဲမှုဒဏ်နှင့် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုများကိုရင်ဆိုင်နေရပါကြောင်း၊ ထို့ကြောင့် ယခုကတည်းက Green Bond နှင့် Carbon Bond တို့ကို မလုပ်သေးသော်ငြားလည်း အသိပညာပေးအစီအစဉ်များကိုကြိုတင်လုပ်ဆောင်ထားရန်လိုကြောင်း၊ စိတ်ဝင်စားသည့်ကုမ္ပဏီများကိုလည်း ကော်မရှင်အနေဖြင့်လက်တွဲခေါ်ယူပေးရန်လိုကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်၍ ကော်မရှင်အတွင်းရေးမှူးက ၄/၂၀၂၄ ကြိမ်မြောက် ကော်မရှင်အစည်းအဝေး၏ဆောင်ရွက်ပြီးစီးမှုများကိုတင်ပြခဲ့ပြီး အရင်းအနှီးဈေးကွက်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ရမည့်ကိစ္စရပ်များကို ဆွေးနွေးဆုံးဖြတ်ခဲ့ပါသည်။အစည်းအဝေးသို့ ကော်မရှင်အဖွဲ့ဝင်များ၊ ကော်မရှင်အတွင်းရေးမှူးနှင့် ကော်မရှင်ရုံးမှတာဝန်ရှိသူများတက်ရောက်ခဲ့ကြကာ အစည်းအဝေးကို ညနေ ၅:၃၀ အချိန်တွင်ရုပ်သိမ်းခဲ့ပါသည်။

နောက်ဆုံးရသတင်းများ