ဂျပန်နိုင်ငံအက်စ်အမ်ဘီစီနီကိုးစကျူရတီမှ ဒုတိယဥက္ကဋ္ဌနှင့် Anti Money Laundering and Compliance ဌာနမှ မန်နေဂျာတို့ ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်ရုံးသို့လာရောက်

ဂျပန်နိုင်ငံ အက်စ်အမ်ဘီစီနီကိုးစကျူရတီ SMBC NIKKO Securities Inc. ၏ Global Business Development and International Business Planning မှ ဒုတိယဥက္ကဋ္ဌ Mr.Masahiro Shimomura, Anti Money Laundering and Compliance ဌာနမှ မန်နေဂျာ Mr.Eiji Yamada တို့သည် ဒီဇင်ဘာလ ၁၄ ရက်နှင့် ၁၅ ရက်နေ့တို့တွင် ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်ရုံးတို့တွင် လာရောက်တွေ့ဆုံဆွေးနွေးခဲ့ကြပါသည်။

ယင်းသို့လာရောက်စဉ် ‌ကော်မရှင်အဖွဲ့ဝင်များနှင့် ဧည့်သည်တော်များသည် ငွေချေးသက်သေခံလက်မှတ်ဈေးကွက်၌ စတော့ရှယ်ယာများကို ဈေးကစား၍ဈေးကွက်ထိန်းချုပ်ရန်ဆောင်ရွက်ခြင်း၊ အတွင်းသတင်းအချက်အလက်များကို ဖွင့်ဟအသိပေးခြင်းဖြင့် ရောင်းဝယ်မှုဆောင်ရွက်ခြင်းစသည့် ကိစ္စရပ်များအား မြန်မာနိုင်ငံငွေချေးသက်သေခံလက်မှတ်ကုမ္ပဏီများနှင့် စတော့အိတ်ချိန်းတို့တွင် ဥပဒေ၊နည်းဥပဒေ၊ လမ်းညွှန်ချက်များဖြင့် မည်သို့ကြိုတင်ကာကွယ်ဟန့်တားရမည်ကို ရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့ကြပါသည်။

နောက်ဆုံးရသတင်းများ