အရင်းအနှီးစျေးကွက်ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြန်မာ-ဂျပန် ပူးတွဲကော်မတီ၏ စတုတ္ထအကြိမ် အစည်းအဝေးအား ရန်ကုန်စတော့အိပ်ချိန်း၌ ကျင်းပ

၂၀၁၈ခုနှစ်၊ သြဂုတ်လ ၁၁ ရက်နေ့တွင် အရင်းအနှီးစျေးကွက် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဖွဲ့စည်းထားသော မြန်မာ-ဂျပန် ပူးတွဲ ကော်မတီ၏ စတုတ္ထအကြိမ်အစည်းအဝေးကို ရန်ကုန်စတော့အိပ်ချိန်း၌ ကျင်းပခဲ့ပါသည်။  အစည်းအဝေးသို့ ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်ဥက္ကဌ၊  စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းနှင့် ကော်မရှင်အဖွဲ့ဝင်များ ၊ ရန်ကုန်စတော့ အိပ်ချိန်းမှ မန်နေဂျင်းဒါရိုက်တာနှင့် တာဝန်ရှိ သူများ၊ ဂျပန်သံရုံးမှ တာဝန်ရှိသူများ၊ ဂျပန်နိုင်ငံ JICA Expert၊ ဂျပန်နိုင်ငံမှ  CBM ၊ DICA နှင့် IRD  တို့တွင်ခန့်အပ်ထားသည့်  အကြံပေးပုဂ္ဂိုလ်များ၊ဂျပန်နိုင်ငံ  ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဂျပန်အိပ်ချိန်းဂရု(ပ်)၊ ဘဏ္ဍာရေး ဝန်ဆောင်မှုကြီးကြပ်ရေးဌာန၊ ဒိုင်ဝါသုတေသနအဖွဲ့တို့မှ တာဝန်ရှိသူများစုံညီစွာ တက်ရောက် ကြသည်။အဆိုပါအစည်းအဝေးတွင် အစုရှယ်ယာများအား အများပြည်သူသို့ ကနဦး ကမ်းလှမ်းရောင်းချခြင်းဆိုင်ရာကိစ္စ၊ YSX EXPO 2018 ကျင်းပပြုလုပ်မည့် အစီအစဉ်၊ ရန်ကုန်စတော့အိပ်ချိန်း၏ သတင်းမီဒီယာ များတွင် လုပ်ငန်းဆောင်ရွက်မှုများ အား သတင်းထုတ်ပြန်မှု အခြေအနေများ ၊ ရန်ကုန် စတော့အိပ်ချိန်းတွင် ဖွင့်လှစ်ထားသည့် စာရင်းဝင်ခြင်းဆိုင်ရာ အကြံပေးလုပ်ငန်း အခမဲ့ဝန်ဆောင်မှုပေးသည့် လုပ်ငန်းစဉ် တိုးတက်မှုအခြေအနေများ၊ အထူး လုပ်ငန်းအဖွဲ့မှ စာရင်းဝင် ကုမ္ပဏီအဖြစ်ဝင်ရောက်ရန် အလားအလာရှိသော ကုမ္ပဏီများထံသို့ ကွင်းဆင်းဆောင်ရွက်ပြီးစီးမှုအခြေအနေများ၊ ငွေချေးသက်သေခံလက်မှတ်ကုမ္ပဏီများ၏ လုပ်ငန်းဆောင်ရွက် ထားရှိမှုအခြေအနေများ စသည့်ကိစ္စရပ်များအား ညှိနှိုင်းဆွေးနွေးခဲ့ကြပါသည်။

နောက်ဆုံးရသတင်းများ