(၈)ကြိမ်မြောက် မဲခေါင်ဒေသဆိုင်ရာ အရင်းအနှီးစျေးကွက်ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ အစည်းအဝေးတွင် အဖွဲ့ဝင်နိုင်ငံစုံ ပါဝင်သော နားလည်မှုစာချွန်လွှာအားလက်မှတ်ရေးထိုး

၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၁၄ ရက်နေ့တွင်ကမ္ဘာဒီးယားနိုင်ငံ၊ ဖနွမ်ပင်မြို့၌ ကမ္ဘာဒီးယားငွေချေးသက်သေခံ လက်မှတ်လုပ်ငန်းကြီးကြပ်ရေး ကော်မရှင်မှ အိမ်ရှင်အဖြစ် ကြီးမှူးကျင်းပခဲ့သည့်(၈) ကြိမ်မြောက် မဲခေါင်ဒေသဆိုင်ရာ အရင်းအနှီးစျေးကွက် ပူးပေါင်းဆောင်ရွက်မှု အဖွဲ့အစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့ပြီး အဆိုပါအစည်းအဝေးတွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရကိုယ်စား စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင် မှ အဖွဲ့ဝင် ဦးဌေးချွန်မှ အဖွဲ့ဝင်နိုင်ငံစုံပါဝင်သော နားလည်မှု စာချွန်လွှာအား လက်မှတ်ရေးထိုးခဲ့ပါသည်။ မဲခေါင်ဒေသဆိုင်ရာ အရင်းအနှီးစျေးကွက်ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ကို ကမ္ဘာဒီးယား၊ လာအို၊ မြန်မာ၊ ဗီယက်နမ် နှင့်ထိုင်းနိုင်ငံတို့မှ အရင်းအနှီး စျေးကွက်ဆိုင်ရာ မူဝါဒချမှတ်သူများနှင့် စည်းမျဉ်းထိန်းကျောင်းသူများ ပါဝင်သော အဆင့်မြင့်ကိုယ်စားလှယ်များဖြင့်၂၀၁၃ ခုနှစ်တွင် စတင်ဖွဲ့စည်းတည်ထောင်ခဲ့ပါသည်။

နောက်ဆုံးရသတင်းများ