SECM နှင့် SECT တို့၏ ပထမအကြိမ် အဆင့်မြင့် စီမံခန့်ခွဲမှုအစည်းအဝေး

မြန်မာနိုင်ငံငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင် (SECM) နှင့် ထိုင်းနိုင်ငံငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကော်မရှင် (SECT)တို့အကြား ၁၆-၁၀-၂၀၁၇ ရက်နေ့တွင် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ပါသည်။

အဆိုပါ နားလည်မှုစာချွန်လွှာအား မြန်မာနိုင်ငံ၏ အရင်းအနှီးစျေးကွက် ဖွံဖြိုးတိုးတက်ရေးလုပ်ငန်းများဆောင်ရွက်ရာ၌ လွယ်ကူချောမွေ့စေရေးအတွက် ပူးပေါင်း ဆောင်ရွက်ခြင်း၊ အပြန်အလှန် အကူအညီပေးခြင်း၊ ဥပဒေနှင့် လုပ်ထုံးလုပ်နည်းဆိုင်ရာ သတင်းအချက်အလက်များဖလှယ်ခြင်း၊ ထိုင်းနိုင်ငံ၏အတွေ့အကြုံများကို မျှဝေ ပေးခြင်း၊ လူ့စွမ်းအားအရင်းအမြစ်ဖွံဖြိုးတိုးတက်ရေးအတွက် သင်တန်းများပို့ချပေးခြင်းစသည့် အခွင့်အလမ်းများရရှိစေရေးကိုအထောက်အကူပြုနိုင်ရန် ရည်ရွယ်၍ချုပ်ဆိုခဲ့ခြင်းဖြစ်ပါသည်။

နားလည်မှု စာချွန်လွှာအရမြန်မာနိုင်ငံငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေး ကော်မရှင် (SECM) ဝန်ထမ်းများ၏ စွမ်းဆောင်ရည်မြှင့်တင်ရေးဆိုင်ရာ on-the-job training အစီအစဉ်ဖြင့် ထိုင်းနိုင်ငံသို့စေလွှတ်နိုင်ရန်နှင့် မြန်မာနိုင်ငံ၏အရင်းအနှီးစျေးကွက် ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုမည့် ဆွေးနွေးပွဲများ ဆက်လက်ဆောင်ရွက်ရန်အတွက် အဖွဲ့အစည်း (၂) ခုအကြား ပထမအကြိမ်အဆင့်မြင့်စီမံခန့်ခွဲမှု အစည်းအဝေးကို ၁၀-၄-၂၀၁၈ ရက်နေ့တွင် မြန်မာနိုင်ငံ နေပြည်တော်ရှိ PARKROYAL ဟိုတယ်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

နောက်ဆုံးရသတင်းများ