၁၉ ကြိမ်မြောက် လစဉ်တွေ့ဆုံဆွေးနွေးသည့် အစည်းအဝေး

၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၂၆ ရက်နေ့တွင် မြန်မာနိုင်ငံငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်မှ ဦးဆောင်၍ကျင်းပပြုလုပ်သည့် “(၁၉) ကြိမ်မြောက် လစဉ်တွေ့ဆုံဆွေးနွေးသည့် အစည်းအဝေး” ကို  ကော်မရှင်ရုံး အစည်းအဝေးခန်းမ၌  ကျင်းပပြုလုပ်ခဲ့ရာ ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်ရုံးမှ  ညွှန်ကြားရေးမှူးချုပ် ဦးကြည်ဇင်ထွန်းက  အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ အဆိုပါ ဆွေးနွေးပွဲသို့    မြန်မာနိုင်ငံငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်ရုံး ၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ အခွန်ထမ်းကြီးများဆိုင်ရာအခွန်ရုံးနှင့်  ငွေချေးသက်သေခံလက်မှတ်ကုမ္ပဏီများမှ  အရာရှိများ  စုစုပေါင်း  (၃၆)  ဦး တက်ရောက်ခဲ့ကြပါသည်။