(၂၁) ကြိမ်မြောက် လစဉ် တွေ့ဆုံဆွေးနွေးသည့်အစည်းအဝေး

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၂၇ ရက်နေ့တွင် မြန်မာနိုင်ငံ ငွေချေးသက်သေခံလက်မှတ်လုပ်ငန်း ကြီးကြပ်ရေးကော်မရှင်မှ ဦးဆောင်ကျင်းပပြုလုပ်သည့် “(၂၁) ကြိမ်မြောက် လစဉ် တွေ့ဆုံဆွေးနွေး သည့်အစည်းအဝေး ကို ကော်မရှင်ရုံး အစည်းအဝေးခန်းမ၌  ကျင်းပပြုလုပ်ခဲ့ရာ ငွေချေးသက်သေခံ လက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်ရုံးမှ  ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်နီနီဆွေက အဖွင့် အမှာစကားပြောကြားခဲ့ပါသည်။ အဆိုပါဆွေးနွေးပွဲသို့   မြန်မာနိုင်ငံ ငွေချေးသက်သေခံလက်မှတ် လုပ်ငန်းကြီးကြပ်ရေးကော်မရှင်ရုံးနှင့်  ငွေချေးသက်သေခံလက်မှတ်ကုမ္ပဏီများမှ တာဝန်ရှိသူများ စုစုပေါင်း  (၃၀)  ဦး တက်ရောက်ခဲ့ကြပါသည်။