(၂၀)ကြိမ်မြောက် လစဉ်တွေ့ဆုံဆွေးနွေးသည့်အစည်းအဝေးကျင်းပ(၁၆-၁၁-၂၀၂၂)

၂၀၂၂ ခုနှစ်၊အောက်တိုဘာလ ၁၆ရက်နေ့တွင် မြန်မာနိုင်ငံငွေချေးသက်သေခံလက်မှတ် လုပ်ငန်းကြီးကြပ်ရေး ကော်မရှင်မှ ဦးဆောင် ကျင်းပပြုလုပ်သည့် “(၂၀)ကြိမ်မြောက် လစဉ်တွေ့ဆုံဆွေးနွေးသည့်အစည်းအဝေး” ကို  ကော်မရှင်ရုံး အစည်းအဝေးခန်းမ၌  ကျင်းပပြုလုပ်ခဲ့ရာ ငွေချေးသက်သေခံ လက်မှတ် လုပ်ငန်းကြီး ကြပ်ရေး ကော်မရှင်ရုံးမှ  ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်နီနီဆွေက   အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ အဆိုပါဆွေးနွေးပွဲသို့   မြန်မာနိုင်ငံ ငွေချေးသက်သေခံလက်မှတ်လုပ်ငန်း ကြီးကြပ်ရေးကော်မရှင်ရုံး နှင့်  ငွေချေးသက်သေခံလက်မှတ်ကုမ္ပဏီများမှ  တာဝန်ရှိများ  စုစုပေါင်း  (၂၈)  ဦး တက်ရောက်ခဲ့ကြပါသည်။