၁၉ ကြိမ်မြောက် လစဉ်တွေ့ဆုံဆွေးနွေးသည့် အစည်းအဝေး
၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၂၆ ရက်နေ့တွင် မြန်မာနိုင်ငံငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်မှ ဦးဆောင်၍ကျင်းပပြုလုပ်သည့် “(၁၉) ကြိမ်မြောက် လစဉ်တွေ့ဆုံဆွေးနွေးသည့် အစည်းအဝေး” ကို ကော်မရှင်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်ရုံးမှ ညွှန်ကြားရေးမှူးချုပ် ဦးကြည်ဇင်ထွန်းက အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ အဆိုပါ ဆွေးနွေးပွဲသို့ မြန်မာနိုင်ငံငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်ရုံး ၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ အခွန်ထမ်းကြီးများဆိုင်ရာအခွန်ရုံးနှင့် ငွေချေးသက်သေခံလက်မှတ်ကုမ္ပဏီများမှ အရာရှိများ စုစုပေါင်း (၃၆) ဦး တက်ရောက်ခဲ့ကြပါသည်။