SECM နှင့် KDI တို့ ကြီးမှူးကျင်းပသည့် “KSP Policy Seminar- Korea’s experience in Capital Market Development” ဆိုင်ရာ ဆွေးနွေးပွဲ
မြန်မာနိုင်ငံ ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်နှင့် Korea Development Institute (KDI) တို့ ကြီးမှူး၍ “KSP Policy Seminar- Korea’s experience in Capital Market Development” ဆိုင်ရာ ဆွေးနွေးပွဲအား ရန်ကုန်မြို့ရှိ ဆူးလေရှန်ဂရီလာဟိုတယ်၌ ၂၅-၄-၂၀၁၈ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါဆွေးနွေးပွဲတွင် ကိုရီးယားနိုင်ငံ၏ အရင်းအနှီးစျေးကွက်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အတွေ့အကြုံများနှင့်သင်ခန်းစာများ၊ ငွေချေးသက်သေခံလက်မှတ်စျေးကွက်ဆိုင်ရာ အတွေ့အကြုံများ၊ စည်းမျဉ်းစည်းကမ်းများနှင့် ဖြေလျော့ပေးမှုများ၊ ငွေချေးစာချုပ်စျေးကွက် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အတွေ့အကြုံများကို ကိုရီးယားသုတေသန ပညာရှင်များမှ ရှင်းလင်းဆွေးနွေးခဲ့ပါသည်။
ဆွေးနွေးပွဲသို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်(ရန်ကုန်ရုံးခွဲ)၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနအောက်ရှိ ငွေချေးသက်သေခံလက်မှတ်လုပ် ငန်းကြီးကြပ်ရေးကော်မရှင်၊ငွေတိုက်ဦးစီးဌာန၊ မြန်မာ့ စီးပွားရေးဘဏ်၊ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ငွေရေးကြေးရေးကြီးကြပ်စစ်ဆေးရေးဦးစီးဌာန၊ ရန်ကုန်စတော့အိတ်ချိန်းနှင့် စာရင်းဝင်ကုမ္ပဏီများ၊ ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကုမ္ပဏီများမှ စိတ်ပါဝင်စားသူဦးရေ (၅၀) ခန့် တက်ရောက်ခဲ့ကြပါသည်။