ငွေချေးသက်သေခံလက်မှတ်ဈေးကွက်တွင် ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးနှင့်စပ်လျဉ်း၍ ရှင်းလင်းတွေ့ဆုံပွဲကျင်းပ

၂၀၂၂ ခုနှစ် ၊ ဒီဇင်ဘာလ ၁၃ ရက်နေ့တွင် မြန်မာနိုင်ငံငွေချေးသက်သေခံလက်မှတ်လုပ်ငန်း ကြီးကြပ်ရေးကော်မရှင်မှ ဦးဆောင်ကျင်းပပြုလုပ်သည့် “ငွေချေးသက်သေခံလက်မှတ် ဈေးကွက်တွင် ငွေကြေးခဝါချမှုနှင့်အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေး” နှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြခြင်းဆွေးနွေးပွဲကို SECM ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ငွေချေးသက်သေခံလက်မှတ်လုပ်ငန်း ကြီးကြပ်ရေးကော်မရှင်ရုံး ညွှန်ကြားရေးမှူးချုပ် ဦးကြည်ဇင်ထွန်းက အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ဆက်လက်၍ ကော်မရှင်ရုံး ဈေးကွက်စုံစမ်းထောက်လှမ်းခြင်းဌာန ညွှန်ကြားရေးမှူးက “ငွေချေးသက်သေခံလက်မှတ် ဈေးကွက်တွင်ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေး” ခေါင်းစဉ်ဖြင့်ရှင်းလင်း တင်ပြခဲ့ပါသည်။ အဆိုပါ ဆွေးနွေးပွဲသို့ ငွေကြေးထောက်ပံ့မှုတိုက်ဖျက်‌ရေး” ခေါင်းစဉ်ဖြင့် ရှင်းလင်းတင်ပြခဲ့ပါသည်။ အဆိုပါ ဆွေးနွေးပွဲသို့ မြန်မာနိုင်ငံ ငွေချေးသက်သေခံလက်မှတ်လုပ်ငန်း ကြီးကြပ်ရေးကော်မရှင်ရုံးနှင့် KTZRH Securities Company တို့မှတာဝန်ရှိသူများ စုစုပေါင်း (၂၄) ဦး တက်ရောက်ခဲ့ကြပါသည်။

နောက်ဆုံးရသတင်းများ