ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းတွင် ငွေကြေးခဝါချမှုနှင့်အကြမ်းဖက်မှုကို ငွေကြေး ထောက်ပံ့မှု တိုက်ဖျက်ရေးဆိုင်ရာညွှန်ကြားချက်များနှင့်စပ်လျဉ်း၍ရှင်းလင်းပွဲကျင်းပ

၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၆ ရက် နေ့တွင် ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကိုငွေကြေး ထောက်ပံ့မှုတိုက်ဖျက်ရေးလုပ်ငန်းအဖွဲ့၏ လမ်းညွှန်ချက်နှင့်အညီ မြန်မာနိုင်ငံငွေချေးသက်သေခံ လက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်မှကြီးမှူးကျင်းပပြုလုပ်သည့်“ငွေချေးသက်သေခံလက်မှတ် လုပ်ငန်းတွင်ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်စပ်လျဉ်း၍ရှင်းလင်းဆွေးနွေးပွဲကိုရန်ကုန်စတော့အိပ်ချိန်းအစည်းအဝေး ခန်းမ ၌ ကျင်းပပြုလုပ်ခဲ့ရာငွေချေးသက်သေခံလက်မှတ်လုပ်ငန်း ကြီးကြပ်ရေးကော်မရှင်ရုံးမှ ညွှန်ကြား ရေးမှူးချုပ်ဦးကြည်ဇင်ထွန်း က အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ဆက်လက်၍ကော်မရှင်ရုံး ဈေးကွက်စုံစမ်းထောက်လှမ်းခြင်းဌာနညွှန်ကြားရေးမှူးက ငွေချေးသက်သေခံလက်မှတ် လုပ်ငန်း တွင်ငွေကြေးခဝါချမှုနှင့်အကြမ်းဖက်မှုကိုငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးနှင့် စပ်လျဉ်း၍ ကော်မရှင်မှထုတ်ပြန်ခဲ့သည့်ညွှန်ကြားချက်များအားရှင်းလင်းတင်ပြခဲ့ပါသည်။ အဆိုပါဆွေးနွေးပွဲ သို့ မြန်မာနိုင်ငံငွေချေးသက်သေခံလက်မှတ်လုပ်ငန်း ကြီးကြပ်ရေးကော်မရှင်ရုံးနှင့် ရန်ကုန်စတော့ အိပ်ချိန်းတို့မှတာဝန်ရှိသူစုစု‌ပေါင်း(၂၃)ဦး တက်‌ရောက်ခဲ့ကြပါသည်။

နောက်ဆုံးရသတင်းများ