ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းတွင် ငွေကြေးခဝါချမှုနှင့်အကြမ်းဖက်မှုကို ငွေကြေး ထောက်ပံ့မှု တိုက်ဖျက်ရေးဆိုင်ရာညွှန်ကြားချက်များနှင့်စပ်လျဉ်း၍ရှင်းလင်းပွဲကျင်းပ

၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၃) ရက်နေ့တွင် ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကိုငွေကြေး ထောက်ပံ့မှုတိုက်ဖျက်ရေးလုပ်ငန်းအဖွဲ့၏ လမ်းညွှန်ချက်နှင့်အညီ မြန်မာနိုင်ငံငွေချေးသက်သေခံ လက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်မှ ကြီးမှူးကျင်းပပြုလုပ်သည့် “ငွေချေးသက်သေခံ လက်မှတ်လုပ်ငန်းတွင် ငွေကြေးခဝါချမှုနှင့်အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေး ဆိုင်ရာ ညွှန်ကြားချက်များနှင့်စပ်လျဉ်း၍ KBZSC ငွေချေးသက်သေခံလက်မှတ်ကုမ္ပဏီမှ ဝန်ထမ်းများအား ရှင်းလင်းဆွေးနွေးပွဲကို ကော်မရှင်ရုံးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်ရုံးမှ ညွှန်ကြားရေးမှူးချုပ်ဦးကြည်ဇင်ထွန်းက အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ဆက်လက်၍ ကော်မရှင်ရုံး ဈေးကွက်စုံစမ်းထောက်လှမ်းခြင်းဌာန၊ ညွှန်ကြားရေးမှူးက ငွေချေးသက်သေခံလက်မှတ် လုပ်ငန်းတွင် ငွေကြေးခဝါချမှုနှင့်အကြမ်းဖက်မှုကိုငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးနှင့် စပ်လျဉ်း၍ ကော်မရှင်မှထုတ်ပြန်ခဲ့သည့် ညွှန်ကြားချက်များအား ရှင်းလင်းတင်ပြခဲ့ပါသည်။ အဆိုပါဆွေးနွေးပွဲသို့ မြန်မာနိုင်ငံငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်ရုံး နှင့် KBZSC မှတာဝန်ရှိသူ စုစု‌ပေါင်း(၁၈)ဦး တက်‌ရောက်ခဲ့ကြပါသည်။

နောက်ဆုံးရသတင်းများ