အာဆီယံအရင်းအနှီးဈေးကွက်ဖိုရမ် ဒုတိယအကြီးအကဲများအစည်းအဝေး (ASEAN Capital Market Forum Deputies Meeting) ကျင်းပ

အာဆီယံအရင်းအနှီးဈေးကွက်ဖိုရမ် ဒုတိယအကြီးအကဲများအစည်းအဝေး (ASEAN Capital Market Forum Deputies Meeting) ကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၅ ရက်နေ့ နံနက်ပိုင်းတွင် လာအိုနိုင်ငံ ဗီယင်ကျင်းမြို့တွင် Hybrid စနစ်ဖြင့် ကျင်းပရာ မြန်မာနိုင်ငံ ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်မှ ကိုယ်စားလှယ်အဖွဲ့ Virtual စနစ်ဖြင့် ပါဝင်တက်ရောက်ခဲ့သည်။

အစည်းအဝေးတွင် စဉ်ဆက်မပြတ်ဖွင့်ဟထုတ်ဖော်ကြေညာခြင်းနှင့် စပ်လျဉ်း၍ အာဆီယံအရင်းအနှီးဈေးကွက်ဖိုရမ်နှင့် IFRS တို့ ပူးပေါင်းဆောင်ရွက်ရေးနှင့် ဖွင့်ဟထုတ်ဖော်မှုစံနှုန်းများ အကောင်အထည်ဖော်ဆောင်ရေးလုပ်ငန်းစဉ် ၂၀၂၄ ခုနှစ် ရေရှည်တည်တံ့ခိုင်မာစေသော ထုတ်ဖော်မှုစံနှုန်းများဖော်ဆောင်ရေး လုပ်ငန်းအစီအစဉ်၊ လုပ်ငန်းအဖွဲ့အစည်းအဝေးတွင် အာဆီယံအိပ်ချိန်း၏ ကိုယ်စားလှယ်ပါဝင်ရေးလုပ်ငန်းအဖွဲ့ ဖွဲ့စည်းပုံအားသုံးသပ်ခြင်း၊ လုပ်ငန်းအဖွဲ့ B ၏ လုပ်ငန်းအစီအစဉ်များတင်ပြခြင်း၊ ASEAN Transition Finance Guidance အား Stakeholder Consultation ပြုလုပ်ခြင်း၊ Version 2 ရေးဆွဲသည့် အစီအစဉ်များနှင့် နည်းပညာအကူအညီများ ဆွေးနွေးခြင်းနှင့် ကော်ပိုရိတ်စီမံအုပ်ချုပ်မှုနှင့်စပ်လျဉ်း၍ ဆောင်ရွက်နေမှုများ၊ Digital Asset Oversight Networking ဆိုင်ရာကိစ္စရပ်များအား ဆွေးနွေးခဲ့ပါသည်။

အဆိုပါအစည်းအဝေးသို့ မြန်မာနိုင်ငံ ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်ရုံးမှ ကိုယ်စားလှယ်အဖွဲ့အပါအဝင် အာဆီယံငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်များမှ ဒုတိယအကြီးအကဲများ၊ လုပ်ငန်းအဖွဲ့များမှ ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ အာရှဖွံ့ဖြိုးရေးဘဏ်မှ ကိုယ်စားလှယ်များ၊ Sustainable Institute of ASIA နှင့် အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ ကိုယ်စားလှယ်များ စုစုပေါင်း (၁၀၀) ဦး တက်ရောက်ခဲ့ပါသည်။

နောက်ဆုံးရသတင်းများ