ငွေချေးသက်သေခံလက်မှတ်ကုမ္ပဏီကိုယ်စားလှယ်လုပ်ငန်းလိုင်စင်ပေးအပ်သည့်အခမ်းအနား ကျင်းပပြုလုပ်

ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်ရုံးမှကြီးမှူး ကျင်းပပြုလုပ်ခဲ့သည့် တတိယအကြိမ်မြောက် ငွေချေးသက်သေခံလက်မှတ် ကုမ္ပဏီကိုယ်စားလှယ်လုပ်ငန်းလိုင်စင်စာမေးပွဲအောင်မြင်သူများအား   ငွေချေးသက်သေခံ လက်မှတ်ကုမ္ပဏီကိုယ်စားလှယ်လုပ်ငန်းလိုင်စင် ပေးအပ်သည့် အခမ်းအနားကို ၂၀၁၉ခုနှစ်၊ ဖေဖော်ဝါရီလ ၄ ရက်နေ့တွင်  ကော်မရှင်ရုံး၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအခမ်းအနားတွင် မြန်မာနိုင်ငံငွေချေး သက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေး ကော်မရှင်အဖွဲ့ဝင် ဒေါ်တင်မေဦးမှ  လိုင်စင်ရရှိသူများအနေဖြင့် လုပ်ငန်းဆောင်ရွက်ရာတွင် ငွေချေးသက်သေခံ လက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်မှ ထုတ်ပြန်ထားသည့် ဥပဒေ၊ နည်းဥပဒေ ၊စည်းမျဉ်း၊စည်းကမ်း၊ အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက် နှင့်လုပ်ထုံးလုပ်နည်းများသာမက လိုင်စင်စည်းကမ်းများကိုပါ လိုက်နာဆောင်ရွက်ရန် လိုအပ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပါသည်။ထို့နောက် လုပ်ငန်း လိုင်စင်စာမေးပွဲအောင်မြင်သူများအား ကော်မရှင်အဖွဲ့ဝင်များမှ လုပ်ငန်းလိုင်စင်ပေးအပ်ခဲ့ပါသည်။

နောက်ဆုံးရသတင်းများ