မြန်မာနိုင်ငံ၏ ပထမဆုံးသောရန်ကုန်စတော့အိပ်ချိန်းကိုကျောက်တံတားမြို့နယ်၌ဖွင့်လှစ်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတသရေစည်သူ ဦးဉာဏ်ထွန်းက မြန်မာနိုင်ငံ၏ ပထမဆုံးသော ရန်ကုန်စတော့အိပ်ချိန်းကို အမှတ် ၂၄-၂၆၊ ဆူးလေဘုရားလမ်း၊ ကျောက်တံတားမြို့နယ်၌ ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၉ ရက်နေ့တွင် အောင်မြင်စွာဖွင့်လှစ်ပေးခဲ့ပါသည်။

အဆိုပါ  ရန်ကုန်စတော့အိပ်ချိန်းဖွင့်လှစ်သည့် အခမ်းအနားတွင် ဘဏ္ဍာ‌ရေးဝန်ကြီးဌာန ၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က အဖွင့်မိန့်ခွန်းကိုလည်းကောင်း၊ဂျပန်
နိုင်ငံအစိုးရကိုယ်စားလှယ်ဂျပန်နိုင်ငံဘဏ္ဍာရေးဝန်ဆောင်မှုအေဂျင်စီကော်မရှင်အဖွဲ့ဝင် Nobuchika Mori က ဂုဏ်ပြုနှုတ်ခွန်းဆက်စကားကိုလည်းကောင်း၊ ရန်ကုန်စတော့အိတ်ချိန်းအား ကြိုဆိုနှုတ်ခွန်းဆက်စကားကို Daiwa Securities Group Inc., မှ President and Chief Executive Officer Mr. Takashi Hibino နှင့် Japan Exchange Group Director  နှင့် Tokyo Stock Exchange ၏ President and Chief Executive Officer Mr. Kochiro Miyahara တို့က လည်းကောင်းပြောကြားခဲ့ပါသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ ဒုတိယသမ္မတသရေစည်သူဦးဉာဏ်ထွန်းက ရန်ကုန်စတော့အိတ်ချိန်းဖွင့်လှစ်သည့် အထိမ်းအမှတ်အဖြစ်အောင်ဇေရတုခေါင်းလောင်းကို တီးခတ်ပေးခဲ့ပါသည်။ ထို့နောက် ဒုတိယဝန်ကြီးနှင့် မြန်မာနိုင်ငံငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်သိမ်းက  ရန်ကုန်စတော့အိပ်ချိန်းတွင်   အစုရှယ်ယာရောင်းချရန်အဆင့်မီသည်ဟု   ပဏာမအနေဖြင့် ရွေးချယ်ထားသော   အများပိုင်ကုမ္ပဏီ  ၆ခု၏
အမည်စာရင်းကို အက္ခရာစဉ်အလိုက်ကြေညာပေးခဲ့ပါသည်။ ၎င်းကုမ္ပဏီများမှာ (၁)First Myanmar Investment Co., Ltd(၂) First Private Bank Ltd.(၃) Great Hor Kham Public Co., Ltd. (၄) Myanmar Agribusiness Public Corporation Ltd.(၅)MyanmarCitizen Bank Ltd. (၆)Myanmar Thilawa SEZ Holding Co., Ltd. တို့ဖြစ်ပါသည်။

နောက်ဆုံးရသတင်းများ