စတော့ဈေးကွက်အခြေခံသင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ

၂၀၁၉ခုနှစ်၊ ဇွန်လ ၂၂ ရက်နေ့တွင် ရန်ကုန်စတော့အိပ်ချိန်းမှ ကြီးမှူး၍  ရင်းနှီးမြှုပ်နှံသူများအား ပညာပေးရေးအစီအစဉ်တစ်ရပ်အဖြစ် “စတော့ ဈေးကွက်အခြေခံ သင်တန်း(၀၀၆/၂၀၁၉) ဖွင့်ပွဲအခမ်းအနား”အား ရန်ကုန်စတော့အိပ်ချိန်း၌ ကျင်းပပြုလုပ်ခဲ့ပါသည်။အဆိုပါအခမ်းအနားတွင် ငွေချေး သက်သေခံ လက်မှတ်လုပ်ငန်း ကြီးကြပ်ရေး  ကော်မရှင်အဖွဲ့ဝင် ဉီးဌေးချွန်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး “အရင်းအနှီးဈေးကွက် ဖွံ့ဖြိုးတိုး တက် ရေးအတွက် ဥပဒေရေးရာ အခြေခံအဆောက်အအုံများ ” ခေါင်းစဉ်ဖြင့် သင်တန်းပို့ချပေးခဲ့ပါသည်။ အဆိုပါသင်တန်းသို့ သင်တန်းသား/သင်တန်းသူ စုစု ပေါင်း ၇၄ ဦးခန့် တက်ရောက်ခဲ့ကြပါသည်။

နောက်ဆုံးရသတင်းများ