Seminar on Stock Exchange Development in Myanmar ဟောပြောပွဲကျင်းပ

မြန်မာနိုင်ငံ၏ အရင်းအနှီးဈေးကွက်နှင့် ရန်ကုန်စတော့အိပ်ချိန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်၊ မြန်မာနိုင်ငံ ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်နှင့် Allen & Gledhill တို့မှ ကြီးမှူးပြီး “Seminar on Stock  Exchange Development in Myanmar” ဆွေးနွေးပွဲကို ၂၀၁၇ ခုနှစ်၊ မတ်လ ၁၆ရက်နေ့ နံနက် ၁၀:၀၀ နာရီမှ ၁၂:၀၀ နာရီအထိ ကျင်းပ ပြုလုပ်ခဲ့ပါသည်။

အဆိုပါ ဆွေးနွေးပွဲတွင် ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင် အဖွဲ့ဝင်ဦးဌေးချွန်မှ မြန်မာနိုင်ငံ၏ အရင်းအနှီးစျေးကွက် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဥပဒေရေးရားနှင့်အဖွဲ့အစည်းဆိုင်ရာ အခြေခံအဆောက်အအုံနှင့်သင့်တင့်မျှတပြီး ပွင့်လင်းမြင်သာမှုရှိသော အရင်းအနှီးစျေးကွက် ဖြစ်ထွန်းပေါ်ပေါက်စေရန် အတွက် ကော်မရှင်၏ ကြိုးပမ်းဆောင်ရွက်နေမှုများကို ဆွေးနွေးပြောကြားခဲ့ပြီး Allen & Gledhill မှ Managing Director ဖြစ်သော ဦးမင်းနိုင်ဦးမှလည်း အရင်းအနှီးစျေးကွက် ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရာတွင် လက်တွေ့ကျကျစဉ်းစားသင့်သော အချက်များ ခေါင်းစဉ်ဖြင့် ဆွေးနွေးပြောကြားခဲ့ပါသည်။

ထို့နောက် တက်ရောက်လာကြသူများမှ သိလိုသည်များ မေးမြန်းရာ ကော်မရှင်အဖွဲ့ဝင် ဦဌေးချွန်မှ ပြန်လည်ဖြေကြားပြီး ဆွေးနွေးပွဲကို မွန်းလွဲ ၁၂:၀၀ နာရီအချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။အဆိုပါ ဟောပြောပွဲသို ့ ကော်မရှင်အဖွဲ့ဝင်များနှင့် ကော်မရှင်ရုံးမှ ဝန်ထမ်းများ၊ စာရင်းဝင်ကုမ္ပဏီများ၊အများနှင့်သက်ဆိုင်သော ကုမ္ပဏီများ၊ အများနှင့်မသက်ဆိုင်သောကုမ္ပဏီများ၊ပုဂ္ဂလိကဘဏ်များမှ တာဝန်ရှိပုဂ္ဂိုလ်များ အစိုးရကဏ္ဍမှ တာဝန်ရှိ ပုဂ္ဂိုလ်များနှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများ စုစုပေါင်း (၁၆၃) ဦး တက်ရောက်ခဲ့ပါသည်။

နောက်ဆုံးရသတင်းများ