ကရင်ပြည်နယ် အစိုးရအဖွဲ့နှင့် ရန်ကုန်စတော့အိတ်ချိန်းတို့ ပူးပေါင်းကျင်းပသော “စ‌တော့ဈေးကွက် အသိပညာပေး ဟောပြောပွဲ” ကျင်းပ

၂၀၁၇ ခုနှစ်၊ မေလ ၁၃ ရက်နေ့တွင် ကရင်ပြည်နယ်အစိုးရအဖွဲ့ရအဖွဲ့နှင့် ရန်ကုန်စတော့အိပ်ချိန်းတို့ ပူးပေါင်း၍ “စတော့ဈေးကွက်ပညာပေးဟောပြောပွဲ” ကရင်
ပြည်နယ်အစိုးရအဖွဲ့နှင့်ရန်ကုန်စတော့အိတ်ချိန်းတို့ ပူးပေါင်း၍ “စတော့ဈေးကွက်ပညာပေးဟောပြောပွဲ” အား ကရင်ပြည်နယ်၊ ဘားအံမြို့ဇွဲကပင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ ဟောပြောပွဲတွင် ငွေချေးသက်သေခံလက်မှတ်လုပ်ငန်း ကြီးကြပ်ရေးကော်မရှင်အဖွဲ့ဝင် ဦးဌေးချွန်၊ ရန်ကုန်စတော့အိတ်ချိန်းမှအကြီးတန်းမန်နေဂျာ ဦးသက်ထွန်းဦးနှင့် မြန်မာနိုင်ငံငွေချေးသက်သေခံလက်မှတ်များလဲလှယ်ရောင်းဝယ်ရေးကုမ္ပဏီလီမိတက်မှ လက်ထောက်မန်နေဂျာ ဦးကောင်းထက်နိုင်တို့မှ ဦးဆောင်ဟောပြောခဲ့ပြီး ဟောပြောပွဲသို့ အစိုးရဌာနအဖွဲ့အစည်းများမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ငွေချေးသက်သေခံလက်မှတ်ကုမ္ပဏီများ၊ အလားအလာရှိသောရင်းနှီးမြှုပ်နှံသူများတက်ရောက်ခဲ့ကြပါသည်။

နောက်ဆုံးရသတင်းများ