မြန်မာနိုင်ငံ၏ အရင်းအနှီးဈေးကွက်ဖွံ့ဖြိုးတိုးတက်ရေး ဒုတိယအကြိမ်စားပွဲဝိုင်းဆွေးနွေးပွဲ

မြန်မာနိုင်ငံ၏ အရင်းအနှီးဈေးကွက်ဖွံ့ဖြိုးတိုးတက်ရေး ဒုတိယအကြိမ်စားပွဲဝိုင်းဆွေးနွေးပွဲ

၂၀၁၉ ခုနှစ် ဇွန်လ ၂၉ ရက်တွင် ငွေချေးသက်သေခံလက်မှတ်လုပ်ငန်း ကြီးကြပ်ရေး ကော်မရှင်မှ ကြီးမှူး၍ ဒုတိယအကြိမ် စားပွဲဝိုင်းဆွေးနွေးပွဲကို ကော်မရှင်ရုံး၌ ကျင်းပပြုလုပ် ခဲ့ပါသည်။ အဆိုပါဆွေးနွေးပွဲတွင်အရင်းအနှီးဈေးကွက် ပြန်လည်သက်ဝင်လာစေရေး ဈေးကွက် တွင်ပါဝင် ပတ်သက်သူများ အပြန်အလှန်နားလည်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုတို့ဖြင့် အကောင် အထည် ဖော်ဆောင်ရွက်မည့် နည်းလမ်းများကို အလေးထားဆွေးနွေးခဲ့ကြပါသည်။

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း၏  ဆုံးဖြတ်ချက်အရ ရန်ကုန်စတော့အိပ်ချိန်း၊ စာရင်းဝင်ကုမ္ပဏီများ၊ ငွေချေးသက်သေခံလက်မှတ် ကုမ္ပဏီ များအပါအဝင် မြန်မာနိုင်ငံတော် ဗဟိုဘဏ်၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင်များ အသင်းချုပ်၊ မြန်မာနိုင်ငံလက်မှတ်ရ စာရင်းကိုင်များအသင်းစသည့် အာဏာပိုင်အဖွဲ့အစည်းများနှင့် စားပွဲဝိုင်း ဆွေးနွေးပွဲကျင်းပပြုလုပ်ရန် ၂၀၁၉ ခုနှစ် မတ်လမှစတင်၍ ဆောင်ရွက်ခဲ့ပါသည်။ ၂၀၁၉ ခုနှစ် မတ်လ (၂၃) ရက်နေ့တွင် ပထမအကြိမ် စားပွဲဝိုင်းဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့ရာ  ဈေးကွက် တွင်ပါဝင်သူများအနေဖြင့် အရင်းအနှီးဈေးကွက်၏ပကတိ အခြေအနေအား အသိအမှတ်ပြုခဲ့ပြီး ဈေးကွက်ပြန်လည်သက်ဝင်လာစေရေး ဆောင်ရွက်မည့်နည်းလမ်းများနှင့်စပ်လျဉ်း၍ အမြင်ချင်း ဖလှယ် ညှိနှိုင်းဆွေးနွေးခဲ့ကြပါသည်။ ယခုနှစ် ဧပြီလနှင့်မေလတို့တွင် ဒုတိယအကြိမ် စားပွဲဝိုင်း ဆွေးနွေးပွဲ ကျင်းပပြုလုပ်နိုင်ရန်အတွက် ဈေးကွက်အတွင်းပါဝင်သူများ၏ သဘောထားအမြင် များကိုစစ်တမ်း ကောက်ယူခဲ့ပါသည်။

အဖွင့်အမှာစကားပြောကြားခြင်း

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး  ဉက္ကဌ ဦးမောင်မောင်ဝင်း က ဒုတိယအကြိမ် စားပွဲဝိုင်းဆွေးနွေးပွဲ၌ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။

တင်ပြချက်() မြန်မာနိုင်ငံ၏လက်ရှိ အရင်းအနှီးဈေးကွက်အလားအလာနှင့် အနာဂတ်မျှော်မှန်း ချက် ခေါင်းစဉ်ဖြင့် ကော်မရှင်အဖွဲ့ဝင် ဒေါ်တင်မေဦးက ဆွေးနွေးတင်ပြခဲ့ပါသည်။

တင်ပြချက်() ဈေးကွက်ပြန်လည်သက်ဝင်လာစေရေးအစိုးရဌာန အချင်းချင်း ပူးပေါင်း ဆောင် ရွက်ရန်လိုအပ်သောကိစ္စရပ်များ၊ ဈေးကွက်တွင်ပါဝင်သူ တစ်ဦးချင်းစီ၏ ကြိုးပမ်း အားထုတ်မှုများအပါအဝင် ကာလလတ်၊ ကာလတို ဆောင်ရွက်မည့် နည်းလမ်း များ ခေါင်းစဉ်ဖြင့် JICAမှ ကျွမ်းကျင်ပညာရှင်Mr. Akira KURITA က ဆွေးနွေး တင်ပြခဲ့ပါသည်။

တင်ပြချက်() အများနှင့်သက်ဆိုင်သောကုမ္ပဏီများ၊ ရန်ကုန်စတော့အိပ်ချိန်းတွင် မှတ်ပုံတင် ရှယ်ယာအရောင်း အဝယ်ပြုလုပ်မည့့်အစီအစဉ် (2nd Board) ထူထောင်ရန်

မိတ်ဆက်ခြင်းနှင့် ရန်ကုန်စတော့အိပ်ချိန်း အထူးလုပ်ငန်းအဖွဲ့၏လုပ်ငန်း ဆောင်ရွက်ချက်များ ခေါင်းစဉ်ဖြင့် ရန်ကုန် စတော့အိပ်ချိန်းမှ ဒါရိုက်တာ Mr. Masaharu Harada မှ ဆွေးနွေးတင်ပြခဲ့ပါသည်။

တင်ပြချက်() မြန်မာနိုင်ငံအရင်းအနှီးဈေးကွက်ဖွံ့ဖြိုးတိုးတက်ရေး နိုင်ငံခြားအဖွဲ့အစည်းများ၏ သိလိုသည်များနှင့် မျှော်မှန်းချက်များ ခေါင်းစဉ်ဖြင့် Asia Frontier Capital (Uzbekistan Fund) မှ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အမှုဆောင်အရာရှိချုပ် Mr. Scott Osheroff က ဆွေးနွေး တင်ပြခဲ့ပါသည်။။

တင်ပြချက်() ဈေးကွက်တွင် အရောင်းအဝယ်သွက်လက်တိုးတက်လာစေရေး ဆောင်ရွက်မည့် နည်းလမ်းများ ခေါင်းစဉ်ဖြင့် Daiwa Securities Group မှ Executive Director,   Mr. Tetsuya Kimura က ဆွေးနွေး တင်ပြခဲ့ပါသည်။

တင်ပြချက်() ရှယ်ယာအရောင်းအဝယ်ပြုလုပ်သည့်အပေါ် ရှင်းလင်းလွယ်ကူသည့် အခွန် ကောက်ခံသည့်စနစ်  ခေါင်းစဉ်ဖြင့် Japan Exchange Group မှ Advisor, Mr. Yuichiro Yamamoto မှ ဆွေးနွေးတင်ပြခဲ့ပါသည်။။

အလွတ်သဘောဆွေးနွေးခြင်း

မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဌ ဦးစိုးသိန်း၊

မြန်မာနိုင်ငံလက်မှတ်ရ ပြည်သူ့စာရင်းကိုင်များအသင်း ဦးဝင်းသင်

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ပြည်တွင်းအခွန်များဉီးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဇေယျကြည်ညွှန့်

ရန်ကုန်စတော့အိပ်ချိန်း၏ မန်နေးဂျင်းဒါရိုက်တာ ဉီးယဉ်ဇော်မျိုး

-FMI၏ ဒါရိုက်တာနှင့်လုပ်ငန်းဆိုင်ရာအမှုဆောင်အရာရှိချုပ် ဉီးထွန်းထွန်း

-MTSH ၏ ဥက္ကဌ ဦးဝင်းအောင်

-MCB ၏ ဒုဥက္ကဌ ဒေါ်မြအိဇန်

-FPB ၏ အမှုဆောင်အရာရှိချုပ် ဉီးမြင့်ဇော်

-TMH ၏ မန်နေးဂျင်းဒါရိုက်တာ ဉီးသီဟလွင်

-AYA Trust ၏ မန်နေးဂျင်းဒါရိုက်တာ ဒေါ်သဇင်အောင် နှင့်

-CBSC ၏ မန်နေးဂျင်းဒါရိုက်တာ ဦးသောင်းဟန်

တို့က မြန်မာနိုင်ငံ အရင်းအနှီးဈေးကွက် လုပ်ငန်းဖွံ့ဖြိုးတိုးတက်စေရန်အတွက် ရှေ့ ဆက်လက် ဆောင်ရွက်သင့်သည့် အကြံပြု တိုက်တွန်းချက်များကို တက်ကြွစွာ ပါဝင် ဆွေးနွေး ခဲ့ကြပါသည်။

နိဂုံးချုပ်နှင့်နိဂုံးချုပ်အမှာစကားပြောကြားခြင်း

နိဂုံးချုပ်။         နောက်တစ်ကြိမ်ကျင်းပပြုလုပ်မည့် 3rd Roundtable နှင့်ပတ်သက်၍ ကော်မရှင် ရုံး၏အကြံပေးပုဂ္ဂိုလ် Mr. Shohhei kawase က အကျဉ်းချုပ်ရှင်းလင်းတင်ပြ ခဲ့ပါသည်။

နိဂုံးချုပ်အမှာစကားပြောကြားခြင်း

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ မြန်မာနိုင်ငံငွေချေးသက်သေခံ လက် မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင် ဉက္ကဌ ဦးမောင်မောင်ဝင်းက နိဂုံးချုပ်အမှာစကားပြော ကြားခဲ့ပါသည်။။

နောက်ဆုံးရသတင်းများ