မြန်မာနိုင်ငံ၏ အရင်းအနှီးဈေးကွက်ဖွံ့ဖြိုးတိုးတက်ရေး တတိယအကြိမ်စားပွဲဝိုင်းဆွေးနွေးပွဲကျင်းပ ပြုလုပ်

၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ ၂၈ ရက်နေ့တွင် ငွေချေးသက်သေခံလက်မှတ်လုပ်ငန်း ကြီးကြပ်ရေး ကော်မရှင်မှ ကြီးမှူး၍ တတိယအကြိမ် စားပွဲဝိုင်းဆွေးနွေးပွဲကို ကော်မရှင်ရုံး၌ ကျင်းပပြုလုပ် ခဲ့ပါသည်။ အဆိုပါ ဆွေးနွေးပွဲတွင် စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီး ကြပ် ရေးကော်မရှင်  ဉက္ကဌ ဦးမောင်မောင်ဝင်းက အဖွင့်အမှာ စကား ပြောကြားခဲ့ပါသည်။

ဆွေးနွေးပွဲသို့ ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ ရင်းနှီး မြှုပ်နှံမှု နှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှု လုပ်ငန်းရှင်များ အသင်းချုပ်၊ ရန်ကုန်စတော့အိပ်ချိန်း၊ စာရင်းဝင်ကုမ္ပဏီများ၊ ငွေချေးသက်သေခံလက်မှတ်ကုမ္ပဏီများ၊ ၊ မြန်မာနိုင်ငံ လက်မှတ်ရ စာရင်းကိုင်များ အသင်းနှင့် ဂျပန်သံရုံးမှ တာဝန်ရှိ သူများစုစုပေါင်း(၅၀)ဉီးခန့် တက်ရောက်ခဲ့ကြပြီး အရင်းအနှီး ဈေးကွက် ဖွွံ့ဖြိုး တိုးတက်ရေး ကာလတို-ကာလတ် လုပ်ငန်းစဉ်များအပေါ် ဈေးကွက်တွင် ပါဝင်သူများ၏ ပါဝင်သူများ၏ ရှေ့ဆက် ဆောင်ရွက်ရန်ကိစ္စရပ်များ၊ စာရင်းဝင် ကုမ္ပဏီများ၏ အစုရှယ်ယာများကို နိုင်ငံခြားသားများ မြန်မာကျပ်ငွေဖြင့် ငွေချေး သက်သေခံ လက်မှတ်စာရင်း ဖွင့်လှစ်ခြင်း၊ အရင်းအနှီးများ ပြည်တွင်းသို့ စနစ်တကျ စီးဝင်/ စီးထွက်ခြင်း၊ အခွန် ကောက်ခံခြင်း နှင့်စပ်လျဉ်း၍ ညွှန်ကြားချက်ထုတ်ပြန်မည့်ကိစ္စရပ်များ စသည်တို့ကို ဆွေးနွေးခဲ့ကြပါသည်။

နောက်ဆုံးရသတင်းများ