ပထမပုဂ္ဂလိကဘဏ်နှင့် မြန်မာနိုင်ငံငွေချေးသက်သေခံလက်မှတ်လဲလှယ်ရောင်းဝယ်ရေးကုမ္ပဏီလီမိတက်တို့ပူးတွဲ ကျင်းပသော “မြန်မာနိုင်ငံအရင်းအနှီးဈေးကွက် ဖွံ့ဖြိုးတိုးတက်ရေးဆွေးနွေးပွဲ” ကျင်းပ

၂၀၁၇ ခုနှစ်၊ မေလ ၂၀ ရက်နေ့တွင် ပထမပုဂ္ဂလိကဘဏ်နှင့် မြန်မာနိုင်ငံငွေချေးသက်သေခံလက်မှတ်များ လဲလှယ်ရောင်းဝယ်ရေးကုမ္ပဏီတို့ပူးပေါင်း၍ ”မြန်မာနိုင်ငံအရင်းအနှီး စျေးကွက် ဖွဲ့ဖြိုးတိုးတက်ရေး နှင့်ပတ်သတ်သည့်ဆွေးနွေးပွဲ ” အားရန်ကုန်စတော့အိပ်ချိန်း၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ ဆွေးနွေးပွဲတွင် ငွေချေးသက်သေခံလက်မှတ်လုပ်ငန်း ကြီးကြပ်ရေး ကော်မရှင်မှ အဖွဲ့ဝင် ဦးဌေးချွန်၊ ရန်ကုန်စတော့အိပ်ချိန်းမှ အကြီးတန်း မန်နေဂျာ ဦးသက်ထွန်းဦးနှင့် ပထမပုဂ္ဂလိကဘဏ်လိမိတက်မှဥက္ကဌ ဒေါက်တာစိန်မောင်တို့မှ ဦးဆောင် ဆွေးနွေးခဲ့ပြီး ဆွေးနွေးပွဲသို့ ပထမပုဂ္ဂလိကဘဏ်၏ ရှယ်ယာကိုင်ဆောင်ထားသူများ၊ ငွေချေးသက်သေခံလက်မှတ်လုပ်ငန်း ကြီးကြပ်ရေးကော်မရှင်အဖွဲ့ဝင်များ ၊ ငွေချေးသက်သေခံ လက်မှတ် ကုမ္ပဏီများ၊ ပုဂ္ဂလိကဘဏ် များနှင့် စိတ်ပါဝင်စားသူများ တက်ရောက်ခဲ့ကြပါသည်။

 

နောက်ဆုံးရသတင်းများ